လူတွေကို အလွယ်တကူ အသက်ဆုံးရှုံးသွားစေနိုင်တဲ့ ကမ္ဘာ့အဆိပ်အပြင်းဆုံး ပန်းများ

//s9.kh1.co/5c/5c451a00c1b2ce68c32d7ff1ca6c612dc241e300.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာရှိတဲ့ ပန်းပွင့် လှလှလေးတွေထဲက အချို့ကတော့ လူကိုတစ်ခဏချင်းအတွင်း သေသွားစေနိုင်လောက်တဲ့ အပြင်းစားအဆိပ်တွေရှိကြပါတယ်။ ဒီလိုပန်းမျိုးတွေဟာ ကိုယ့်အနီးအနားမှာလည်းရှိနေတက်တာမို့ သတိမူနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

White Snakeroot

အမေရိကန် သမ္မတ Abraham Lincoln (အီဗရာဟင်လင်ကွန်း) ရဲ့ အမေ Nancy Hanks ဟာ နွားနို့သောက်ရင်းနဲ့ သေဆုံးသွားခဲ့ရပါတယ်။ ဒါနဲ့ စုံစမ်းရေး အဖွဲ့တွေက နွားနို့ထဲကို စစ်ကြည့်တော့ နွားနို့ထဲမှာ အက်စစ် အဆိပ်တစ်မျိုးကိုတွေ့ခဲ့ရပါတယ်။ အဆိပ်ကဘယ်ကလာလဲ ထပ်မံစုံစမ်းကြည့်ခဲ့ရာ ဖြစ်ပုံကတော့ နွားဟာ White Snakeroot အပင်ကို စားသုံးထားတဲ့နွားဖြစ်နေပြီး အဲဒီအဆိပ်က နွားကို ဒုက္ခမပေးဘဲ နွားရဲ့အသား သို့မဟုတ် နို့ကို သောက်သုံးမိမှာသာ လူကို သေစေနိုင်တာ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်ယနေ့အချိန်ထိ မွေးမြူရေး ခြံတွေနားမှာ White Snakeroot အပင်တွေကိုတွေ့တာနဲ့ သုတ်သင်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/44/446b35633bdb0872f401db1ba7a000e85939a9c4.jpg

Aconitum 'The poison queen'

Aconitum ဒါမှမဟုတ် တစ္ဆေဦးထုပ် လို့လည်းခေါ်တဲ့ ပန်းဟာ လှသလောက် ကမ္ဘာ့ အဆိပ် အပြင်းဆုံးပန်းစာရင်းဝင်ပါတယ်။ အရင်ခေတ်ကဆို ဒီပန်းပွင့်ရဲ့ အစေးနဲ့ ဝံပုလွေတွေကို သုတ်သင်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=385,q=100/3d/3df37270b72c967fcf17abfb66d309e68193ad26.jpg

The crab's eye 'Deadly love bean'

ဒီအပင်ကို အရှေ့တောင်အာရှ မှာ တွေ့ရများပါတယ်။ အဲ့အပင်ရဲ့ ပဲစေ့လေးမှာ အပြင်းဆုံး ဓါတု အဆိပ်ပါဝင်ပါတယ်။ ဒီပဲစေ့လေးတွေဟာ ဒီတိုင်းနေရင် ဘာမှမဖြစ်ပေမယ့် ကွဲကြေသွားတဲ့ အချိန်မှာတော့ လူကို အဆိပ်မိစေပြီး ခန္တာကိုယ် cell စနစ်ကို တိုက်ရိုက် ဒုက္ခပေးနိုင်ပါတယ်။ ဟော်လန်မှာတော့ ပုလဲရတနာနဲ့တွဲဖတ်ပြီး လက်ဝတ်လက်စား အလှဆင်ယင်ကြပြန်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/fb/fb92d2954210467981e2cb34a522e6d5dc39f5cf.jpg

The corpse flower 'Queen of stench'

Queen of stench ပန်းကတော့ sulfur ဒြပ်ပေါင်း ပါဝင်ပြီးတော့ ညပိုင်းအလွန်ပူပြင်းတဲ့ အချိန်ဆိုရင် သူ့ရဲ့အရွက်က ရေနွေးငွေ့လို အငွေ့မျိုးထုတ်လွတ်ပြီး ရှုမိတဲ့သူကိုရှုးသွပ်သွားစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=475,q=100/75/75a7476ae6deb38f5cb1843ee0eded42a7591951.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T