နေ့စဉ်နေ့တိုင်းတံတားမှာ ထိုင်စောင့်ရင်း မိမိကိုယ်ကို သတ်သေမဲ့ လူ့အသက်ပေါင်း ၄၀၀ ကျော်လောက်ကို ကယ်တင်ပေးခဲ့တဲ့ အမျိုးသား

//s9.kh1.co/69/6945cf49586aefe6ae1f364d8cc4087726ac761c.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ လွန်ခဲ့တဲ့ ၁၃နှစ်လောက်တုန်းက ကမ္ဘာပေါ်မှာ လူသားဆန်စွာနဲ့ သူများအကျိုးကို သယ်ပိုးထမ်းရွက်ပေးနေတဲ့ လူတွေထဲက ထူးထူးဆန်းဆန်းလူတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကတော့ ချမ်းစီ ဆိုသူဖြစ်ပြီး တရုတ်နိုင်ငံမှာ နေထိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချမ်းစီရဲ့ လေးစားအားကျစရာကောင်းလှတဲ့ အချက်ကတော့ သူဟာ ရန်ဇီမြစ်ပေါ်မှာတည်ဆောက်ထားတဲ့ နန်ဂျင်း တံတားပေါ်မှာ မိမိကိုယ်ကိုသတ်သေမယ့်သူတွေကို စောင့်ဖမ်းပြီး မလုပ်သင့်တာတွေ မလုပ်မိအောင် ကယ်တင်ပေးနေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=634,h=468,q=100/a3/a3ff9403a163ef5936835edaafc5d2de40752fa5.jpg
https://s9.kh1.co/__image/w=634,h=485,q=100/8c/8cd2f67e27bf1957b1b6d3310466cadc28755ed4.jpg

နန်ဂျင်း တံတားဟာ သမိုင်းကြောင်းအစဉ်အလာအရ မိမိကိုယ်ကို သတ်သေမှုနှုန်း အလွန်များတဲ့ တံတားတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းကို သိထားတဲ့ ချမ်းစီဟာ နောက်ပိုင်းမှာတော့ တန်ဖိုးရှိလှတဲ့ လူ့အသက်တွေကို ကယ်တင်ဖို့အတွက် သူ့ရဲ့အိမ်ကနေ ၁၂ .၄ မိုင်ကွာဝေးလှတဲ့ တံတားဆိလာပြီး နေ့တိုင်း ထိုင်စောင့်ကာ မဖြစ်သင့်တာတွေ မဖြစ်အောင် ကယ်တင်ပေးနေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ရပ်ဟာ အကျိုးရှိပြီး ယနေ့အချိန်အထိ လူ့အသက်ပေါင်း ၄၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=634,h=381,q=100/ed/ed50fc6be91d0aee8394aca60fb3290d291a269d.jpg
https://s9.kh1.co/__image/w=634,h=381,q=100/10/10e6ae5f3bc1d4e26acd3ef2e351151053a15875.jpg
https://s9.kh1.co/__image/w=634,h=429,q=100/91/9126477773c8a1420ebb82a89ad598d53719368b.jpg

ချမ်းစီရဲ့ လုပ်ရပ်ဟာ နောက်ပိုင်းမှာ နာမည်ကြီးလာခဲ့ပြီး လူမှုကွန်ယက်အပြင် အနီးအနားက လူတွေရဲ့ ချီးကျူးမှုကိုပါခံခဲ့ရပါတယ်။ သူဟာ နိုင်ငံအတွက် ပြည်သူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြလိုက်တာတင် မဟုတ်ပဲ လူသားအချင်းချင်း ရိုင်းပင်းကူညီဖေးမတတ်အောင် သင်ကြားပေးလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ သူဟာတံတားနားမှာ နေ့တိုင်းလိုလိုစောင့်နေတက်ပြီး ဆိုင်းဘုတ်လေးလည်း ထောင်ထားကာ ရေးထားတာကတော့ " ငါတို့ရဲ့နေ့ရက်တိုင်းကို ကြင်နာစွာ ဆက်ဆံပါ " ဆိုပြီးပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=634,h=508,q=100/91/9148a782e73a0beed31088e3d7923d920e36bbed.jpg
https://s9.kh1.co/__image/w=634,h=434,q=100/0d/0d4ca41934e2e7832a4fdff682bb3dadba10f37a.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T