ပိုးဟပ်အရှင်စားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် အဆုံးသတ်မလှခဲ့သူရဲ့ ပိုးဟပ်စားနေတဲ့ Video

//s9.kh1.co/06/065a70c008c86a5ba39e00478af77ffc255092bf.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဖလော်ရီဒါက အမျိုးသားတစ်ဦးဟာ ပိုးကောင်စားပြိုင်ပွဲမှာ ရမယ့်ဆုကြီးဟာ စပါးအုံးမြွေဖြစ်တာကြောင့် အနိုင်ရရှိဖို့အတွက် ကြိုးစားခဲ့ပါတယ်။ West Palm Beach မှအသက် ၃၂ ​​နှစ်အရွယ် Edward Archbold ဟာ အဲ့ဒီလိုကြိုးစားခဲ့မှုကြောင့် အစာအိမ်မှာ အစာများတောင့်တင်းခြင်းနှင့် အသက်ရှုကျပ်ခြင်းတို့ကြောင့် သေဆုံးခဲ့ရပါတယ်။ ဓါတ်ခွဲခန်းအဖြေများအရ ဆေးသုံးထားခြင်းမရှိတာကြောင့် မတော်တဆမှုန‌ဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=468,q=100/f5/f506af46cba4e88d506d476f011797fea3c40b98.jpg
https://s9.kh1.co/__image/w=640,h=347,q=100/ca/cae333a92c1971b4cf8aae7577fbea7dc741e583.jpg

ဖြစ်ပုံမှာ မိုင်ယာမီ၏မြောက်ဘက် မိုင် ၄၀ ခန့်အကွာ Deerfield ကမ်းခြေရှိ Ben Siegel တွားသွားတိရစ္ဆာန်အရောင်းဆိုင်တွင် ပိုးကောင်စားပြိုင်ပွဲကို ကျင်းပခဲ့ပြီး Archbold ဟာ အဲ့ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ပြိုင်ပွဲပြီးလို့ မိနစ်အနည်းငယ်အကြာမှာ Archbold ဟာနေမကောင်းဖြစ်ပြီး စတိုးဆိုင်ရှေ့မှာလဲကျသွားတာကြောင့် သူ့ကိုဆေးရုံခေါ်သွားပေမယ့် သေဆုံးသွားခဲ့ပါတယ်။ ပြိုင်မှာကျင်းပနေစဉ် Eddie ဟာ အသက်ရှင်နေတဲ့ ပိုးဟပ်ပေါင်းများစွာကို စားခဲ့ပြီး ပိုးဟပ်တွေအပြင်မထွက်အောင်ပါးစပ်ကို လက်နဲ့အုပ်ပြီး စားခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=634,h=430,q=100/e0/e07f39eb1f5f5ce7c8addea3da0c1e9df5c16b76.jpg
https://s9.kh1.co/__image/w=650,h=342,q=100/da/dadfaa3abe274458ec9ee80491c08d16197c91e5.jpg

အဲ့အပြင် ပိုးဟပ်အရှင်တွေကိုလည်း မျိုချခဲ့ပါသေးတယ်။ သူဟာ ပိုးကောင်အရေအတွက် ၃၅ကောင်ကုိ (၆၀ဂရမ်လောက်) စားခဲ့ပြီး တစ်ကောင်ကို ၃လက်မရှည်တဲ့ " Super Worms " တွေဖြစ်ပါတယ်။ Eddie ဟာ သမီးနှစ်ယောက်အဖေဖြစ်ကာ တစ်ယောက်က ၆နှစ်ဖြစ်ပြီး တစ်‌ယောက်က ၉နှစ်ဖြစ်ပါတယ်။ သူနိုင်ချင်ရတဲ့အကြောင်းကတော့ ဆုကြီးဖြစ်တဲ့ ဒေါ်လာ၈၅၀တန် စပါးအုံးမြွေကို သူ့သူငယ်ချင်းဆိ လက်ဆောင်ပေးချင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အနိုင်ရပြီးသိပ်မကြာခင်မှာပဲ သူဟာအန်ပြီး စတိုးဆိုင်ရှေ့မှာလဲကျသွားခဲ့ပါတယ်။

သတင်း အရင်းအမြစ်On Demand News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T