လှပသလောက် ကမ္ဘာ့အသက်အန္တရာယ်အရှိဆုံး အဆိပ်ပင်တွေနဲ့သာ ပြည့်နှက်နေတဲ့ အဆိပ်ပန်းခြံ

//s9.kh1.co/18/18f5f9b50412f3f025201720c62071cffe64453b.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အင်္ဂလန်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ပန်းခြံတစ်ခုကတော့ အဆိပ်ပန်းခြံတစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်းနေတဲ့ ပန်းခြံတစ်ခုလည်းဖြစ်ပါတယ်။ ဒူဘိုင်းရဲ့ Miracle Garden နဲ့ နှိုင်းယှဉ်ဖို့မဟုတ်ပါဘူး။ ခုဖော်ပြတဲ့ ပန်းခြံက နာမည်နဲ့လိုက်အောင် အဆိပ်ပင်တွေပဲ ရှိတာမို့ သင့်ကို သေဆုံးနိုင်ပါတယ်။ ပန်းခြံရဲ့နာမည်မှာ The Alnwick Garden ပဲဖြစ်ကာ နာမည်ကြီးရတဲ့အကြောင်းကတော့ ကမ္ဘာ့အသက်အန္တရာယ်အရှိဆုံး အပင်တွေရှိနေလို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=386,q=100/ea/ead65fc8133d4447a4dd7a5decfedccc7d0744e8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/08/087ea21d90356ce55b3fba664606b070837c273d.jpg

ပန်းခြံထဲမှာရှိသမျှ ပန်းပင်တွေဘအကုန်လုံးဟာ အဆိပ်ရှိတာကြောင့် ပန်းခြံတံခါးမှာ အရိုးခေါင်းနဲ့ " အပင်းတိုင်ဟာ သင့်ကို သတ်နိုင်တယ် " ဆိုပြီး သတိပေးထားပါတယ်။ အလွယ်ပြောရရင်တော့ သင့်အနေနဲ့ အဲ့ပန်းခြံထဲမှာ ပန်းအနံပဲရှူရှူ၊ ထိပဲထိထိ၊ ဒါမှမဟုတ် အရသာစမ်းကြည်တာနဲ့ သေမှာဖြစ်ပါတယ်။ အဲ့လောက်အန္တရာယ်များတဲ့ ပန်းခြံကို ဘယ်သူက ဖွင့်လှစ်ခဲ့တာလဲဆိုပြီး သင့်အနေနဲ့လည်း မေးခွန်းထုတ်နိုင်ပါတယ်။ Jane Percy ဆိုတဲ့ အမျိုးသမီးဟာ ပုံမှန်ဥယျာဉ်တစ်ခုအစား ထူးခြားမယ့် အဆိပ်ဥယျာဉ်တစ်ခုကို ဖန်းတီးချင်ခဲ့ပါတယ်။ ဒါကြောင့်ပဲခုလို သာမန်နဲ့မတူပဲ အဆိပ်ရှိတဲ့ ဥယျာဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/4e/4e5bde6e4af27ec8a62ff79dbc63f6e3cc9d2218.jpeg
https://s9.kh1.co/__image/w=380,h=570,q=100/25/2585188c7ff817189035b152459a1516f22ef8a2.jpg

ပန်းခြံထဲက အပင်တွေဟာ အဆိပ်ရှိခြင်း၊ မူးဝေစေခြင်း၊ သေစေနိုင်ခြင်း အစရှိသဖြင့် အပင်ပေါင်း တစ်ရာနီးပါးရှိပါတယ်။ ပထမကမ္ဘာစစ်မှာ ဓာတုလက်နက်အဖြစ် အသုံးပြုခဲ့တဲ့ ပန်းပင်တောင်ရှိပါတယ်။ အဲ့ပန်းပင်ကနေထွက်လာတဲ့ အဆိပ်ကို ဓါတုလက်နက်အဖြစ် ပြန်လည်အသုံးခြင်းဖြစ်ပါတယ်။ အသားကိုလောင်းကျွမ်းစေပြီး ၇နှစ်လောက်အထိ အရည်ကြည်ဖုတွေ ‌ထွက်စေနိုင်တဲ့ ပန်းပင်လည်းရှိပါတယ်။ ဒါကြောင့် ပန်းပင်တွေကို ကြည့်ရှုစောင့်ရှောင့်ရတဲ့ ပန်းခြံ၀န်းထမ်းတွေအနေနဲ့ အထူး၀တ်စုံကို၀တ်ဆင်ပြီးမှ ၀င်လို့ရပါတယ်။

https://s9.kh1.co/__image/w=650,h=470,q=100/9e/9ed8bee1495e3dc5a03b6d79d9fc8e11bfb93421.jpg
https://s9.kh1.co/__image/w=520,h=390,q=100/6c/6c4f1308fcc5ec4d0c1f9d69d04cee6ae378779c.jpg
https://s9.kh1.co/__image/w=650,h=366,q=100/80/80bbcecb04df7ceb3edc69bbda5d9d6571d1dacd.jpg
https://s9.kh1.co/__image/w=650,h=435,q=100/f5/f5a6b93c623a2622fd8d773184ee6bd9ba10cbe7.jpg

သတင်း အရင်းအမြစ်esquireme

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T