ကျားမတန်းတူ ဆင်နွဲလို့ရတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပွဲတော်တစ်ခု

//s9.kh1.co/32/326a137657e8a5c857646fd4397f6e69c2db0436.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းမှာ ထင်ရှားလှတဲ့ ပွဲတော်တွေ အများအပြားရှိပါတယ်။ အဲ့လိုပွဲတော်တွေထဲမှာ ထူးခြားဆန်းပြားလှတဲ့ ပွဲတော်တွေလည်း ရှိပါတယ်။ ယခုတစ်ခေါက်မှာဆိုရင်လည်း အဲ့ဒီလိုထူးခြားတဲ့ ပွဲတော်တွေထဲကမှ တောင်ကိုရီးယားနိုင်ငံရဲ့ ထင်ရှားလှတဲ့ ပွဲတော် တစ်ခု ဖြစ်တဲ့ ရွှံ့ ပွဲတော်အကြောင်းကို ပရိသတ်ကြီး အတွက် ဖော်ပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/92/92cd93d36e011f0a81142288e85f0c40ec7e1f16.jpg
https://s9.kh1.co/__image/w=600,h=337,q=100/d9/d905562ad836ce70ceedafbe9a98319ec92c4abe.jpg

ရွှံ့ပွဲတော်ကိုတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဆိုးလ်မြို့နဲ့ ၂၀၀ကီလိုမီတာဝေးကွာတဲ့ ဘော်ယောင်ဆိုတဲ့ မြို့ လေးမှာ ကျင်းပတာလည်း ဖြစ်ပါတယ်။ ရွှံ့ပွဲတော်မှာ အသုံးပြုထားတဲ့ ရွှံ့တွေဟာဆိုရင် အလှကုန်ပစ္စည်းတွေမှာ အသုံးပြုနေတဲ့ ဓာတ်တွေပါဝင်နေတာကြောင့် လူ့အသားရေကို ထိခိုက်စေတာမျိုးတွေလည်း မရှိပါဘူး။ ဒါ့အပြင် ရွှံ့ပွဲတော်မှာဆိုရင် ရွှံ့တွေနဲ့ တည်ဆောက်ပေးထားတဲ့ ရေကန်တွေလည်း ပါဝင်ပြီး အမျိုးသားနဲ့ အမျိုးသမီးတွေ ချစ်ချစ်ခင်ခင် ဆော့ကစားကြတဲ့ ပွဲတော်လေးတစ်ခုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=512,h=333,q=100/65/6535032b4e121e0b1cb6d1f4a50cd852d1725a90.jpg
https://s9.kh1.co/__image/w=600,h=400,q=100/f2/f2b60654ddf2f6084cf71e81e70e5c67b9d583b1.jpg
https://s9.kh1.co/__image/w=650,h=434,q=100/94/945b1f0322cc4376f7273d52c8524706a0ef7504.jpg

ဒီပွဲတော်လေးဟာ ကျား ၊ မ မခွဲဘဲ အကုန်လုံးအတူတူချစ်ခင်ရင်းနှီးစွာ ပါဝင်ဆင်နွှဲကြတဲ့ ပွဲတော်လေးတစ်ခုဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကိုပါ ဆွဲဆောင်နိုင်တဲ့ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ ယခုမြင်တွေ့နေရတဲ့ ပုံရိပ်လေးတွေထဲမှာဆိုရင်လည်း အရမ်းကိုပျော်ရွှင်နေတဲ့ မိန်းမပျိုလေးတွေ ၊ ကမ္ဘာလှည့်ခရီးသည်တွေကို တွေ့မြင်နေရသလို သူတို့ရဲ့မျက်နှာက အပြုံးလေးတွေကလည်း တကယ့်ကို အသက်ပါလှပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/8c/8c963eced332777cb7d4dbbf7ad7045a6de9f2d1.jpg
https://s9.kh1.co/__image/w=650,h=451,q=100/3d/3df6c00c933192f6db3dace26f927149b5a319d5.jpg
https://s9.kh1.co/__image/w=650,h=424,q=100/3c/3cff856023034ee2e441e2dbc57a30bb9ebde4dc.jpg
https://s9.kh1.co/__image/w=650,h=434,q=100/99/998ad8a6138582bcc4f5591ba22eb6792c1f1c25.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T