တာလီဘန်ဆိုတာ ဖြစ်ပေါ်လာပုံနှင့် သင်မသိသေးတဲ့ တာလီဘန်ရဲ့ အဓိပ္ပာယ်

//s9.kh1.co/cd/cd8458e284be358446fdd13fef4d7795490b602d.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

၁၉၈၉ တွင်အာဖဂန်နစ္စတန်မှာ ဆိုဗီယက်တပ်များဆုတ်ခွာပြီးနောက် ဖြစ်ပေါ်ခဲ့သော မတည်ငြိမ်မှုများအတွင်း တာလီဘန်များဟာ ၁၉၉၄ တွင်ပေါ်ပေါက်လာခဲ့ပါတယ်။ တာလီဘန်များကို Mullah Mohammad Omar မှ အာဖဂန်နစ္စတန်တောင်ပိုင်းတွင် စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူကတော့ Pashtun မျိုးနွယ်စုဝင်တစ်ဦးဖြစ်ပြီး ၁၉၈၉ တွင် ဆိုဗီယက်များကို တိုင်းပြည်မှ မောင်းထုတ်ရန် ကူညီခဲ့တာကြောင့် မူဂျာဟီဒင်တပ်မှူးဖြစ်လာခဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=899,q=100/1d/1d00eb5f56250f86bc43c7fe44c5dd35e2080271.jpg

၁၉၉၄ ခုနှစ်တွင် Mullah Omar ဟာ Kandahar မှာ နောက်လိုက် ၅၀ ခန့်နဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပြီး ဆိုဗီယက်ခေတ်လွန် ပြည်တွင်းစစ်ကာလအတွင်း အဲ့အဖွဲ့ဟာ အာဖဂန်နစ္စတန်မှာ မတည်ငြိမ်မှု၊ အကျင့်ပျက်ခြစားမှု နှင့်ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ကြပါတယ်။ တာလီဘန်ရဲ့ အဓိပ္ပာယ်ကတော့ " ကျောင်းသားများ " ဆိုပြီးပဲဖြစ်ပါတယ်။ အဲ့ကျောင်းသားတွေဟာ Mullah Omar လက်အာက်မှာ သင်ယူခဲ့ကြပြီး စတင်တည်ထောင်သူတွေ ဖြစ်တာကြောင့် တာလီဘန်ဆိုတာ သူတို့ကို ရည်ညွှန်းတာပဲဖြစ်ပါတယ်။ ၁၉၉၆ခုနှစ်မှာ ကန်ဒါဟာကို လျင်မြန်စွာသိမ်းပိုက်ပြီး မြို့တော်ကဘူးလ်ကိုလည်းသိမ်းပိုက်လိုက်တာကြောင့် အာဖဂန်တွေဟာ မကျေမနပ်ဖြစ်ခဲ့ကြသလို တိုင်ပြည်ဟာလည်း မလုံခြုံတော့ပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/69/69a967a2ccce329883c49f16b3c0fcf77220c3b9.jpg
https://s9.kh1.co/__image/w=650,h=366,q=100/b9/b977c6358e96e987897fe81e540e7c09db382795.jpg

တာလီဘန်များဟာ ရုပ်မြင်သံကြားနှင့်တေးဂီတကို တားမြစ်ကာ တင်းကျပ်တဲ့ အစ္စလာမ့်စည်းမျဉ်းများကို အလျင်အမြန်ပြဌာန်းခဲ့ကြပါတယ်။ အဲ့အပြင် မိန်းကလေးတွေကိုလည်း ကျောင်းမတက်ရန်နှင့် Burqa လို့ခေါ်တဲ့အမျိုးသမီးများကို ဦးခေါင်းမှခြေချောင်းအထိ ဖုံးအုပ်ရန် အတင်းအကြပ်ခိုင်းစေခဲ့ကြပါတယ်။ သူတို့ရဲ့စည်းမျဉ်းတွေကို လိုက်နာဖို့ရိုက်နှက်ခြင်း၊ ဖြတ်တောက်ခြင်းနဲ့ အစုလိုက်အပြုံလိုက် သေဒဏ်ပေးခြင်းအပါအ၀င် ရက်စက်ကြမ်းကြုတ်တဲ့လူထုပြစ်ဒဏ်များကိုပါ အသုံးပြုခဲ့ကြပါတယ်။ တာလီဘန်တွေဟာ ဘင်လာဒင်ကို စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး အစီအစဉ်ဆွဲနေချိန်မှာ လုံခြုံအောင် ထားခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=540,h=270,q=100/f1/f149695427ba1b751c2beef43a2f88900ce88181.jpg
https://s9.kh1.co/__image/w=650,h=918,q=100/c0/c084b71ba5b1c764cfa8ce8a07a5de3e5cef2fe3.jpg

တာလီဘန်တွေက ဘင်လာဒင်ကို အမေရိကန်ဆိ လွှဲပြောင်းပေးဖို့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့တာကြောင့် အမေရိကန် တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်ကို ၀င်ရောက်တိုက်ခိုက်ပြီး Mullah Omar အစိုးရကုိ လျင်မြန်စွာဖြုတ်ချခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလတွင် အမေရိကန်နှင့် တာလီဘန်တွေဟာ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များအားလုံးကို ပြန်လည်ရုပ်သိမ်းရန် ၁၄ လအချိန်ပေးတဲ့ သမိုင်းဝင်သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f8/f80c9efc16032ba158a9326111e83f2bab7d9768.jpg

သတင်း အရင်းအမြစ်wsj.com

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T