ထူးခြားပြီးပြိုင်ဘက်ကင်းတဲ့အသံတွေကို ပိုင်ဆိုင်ထားကြတဲ့ တောင်ကိုရီးယား Rapper (၅)ဦး

//s9.kh1.co/ba/ba7e6b22620d6dfccf3cc54217b1f5ca634bcb98.jpg
ဖျော်ဖြေရေးများ

 ၂၁-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

K Popအဖွဲ့တိုင်းလိုလိုမှာ vocals, leader, dancers, visuals, and rappersစတဲ့ သက်ဆိုင်ရာ position တွေအလိုက် အဖွဲ့၀င်တွေကို သတ်မှတ်ထားကြတာရှိပါတယ်။ Dancer တွေမှာလည်း မတူညီတဲ့စတိုင်လ်တွေရှိကြသလို vocalist တွေမှာလည်း မတူညီတဲ့ music genres တွေရှိကြပြီး rappers တွေမှာလည်း မတူညီကြတဲ့ unique flow, toneတွေနဲ့ rapping style တွေရှိကြပါတယ်။ ၎င်းတို့ထဲမှာမှ ထူးခြားပြီး ပြိုင်ဘက်ကင်းတဲ့ အသံတွေကိုပိုင်ဆိုင်ထားကြတဲ့ rapper (၅)ဦးကို ဖော်ပြပေးချင်ပါတယ်။

No.1 G-dragon

King of K Popလို့ တင်စားခေါ်ဝေါ်ကြတဲ့ BIGBANG အဖွဲ့၀င် G-dragon ဟာ အသံအရသော်လည်းကောင်း၊ ရက်ပ်အရသော်လည်းကောင်း K-Pop အားလုံး၌အထူးခြားဆုံးအသံဖြစ်တယ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.2 Mino

Winner အဖွဲ့ရဲ့ rapper တစ်ယောက်ဖြစ်တဲ့ Mino ရဲ့ ရက်ပ်သီချင်းနားထောင်ခြင်းသည်စွန့်စားခန်းတစ်ခုသွားခြင်းနှင့်တူတယ်လို့တောင် တင်စားကြပါတယ်။ ဘာတွေလာမလဲ၊ ဘယ်လောက်မြန်မြန်ထိ ဆိုနိုင်လဲဆိုတာပါ ခန့်မှန်းမရတဲ့ သူမျိုးဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.3 Jessi

အမေရိကန် ကိုရီးယားလူမျိုးဖြစ်တဲ့ Jessiဟာ ထူးခြားမှုရှိတဲ့ rapperစာရင်းတိုင်းလိုလိုမှာ အမြဲပါလေ့ရှိတဲ့သူပါ။ သူမရဲ့ခက်ထန်ပြီး ပြင်းထန်မာကြောတဲ့ vocal toneနဲ့ rapping styleကြောင့် ပရိသတ်အတော်များများ အားပေးလက်ခံကြတဲ့ သူပဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

No.4 B.I

iKON အဖွဲ့၀င်ဟောင်းတစ်ဦးဖြစ်တဲ့ B.Iရဲ့ အသံကာလာဟာ ပြိုင်ဘက်ကင်းလွန်းတယ်လို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ သူ့ရဲ့ rapping style ကိုတုပဖို့မလွယ်ကြောင်းကိုလည်း ပရိသတ်တွေက မှတ်ချက်ပေးထားကြပါတယ်။

Photo credit-Google
Photo credit-Google

No.5 T.O.P

BIGBANG အဖွဲ့၀င်ဖြစ်တဲ့ T.O.P ဟာလည်း ချန်ထားလို့ မရတဲ့ နာမည်ကျော် rapper တစ်ဦးပါ။ သူ့လောက်ထူးခြားတဲ့အမှတ်ရစရာအသံနဲ့ K-Pop မှာနောက်ထပ်အနုပညာရှင်တစ်ယောက်မှမရှိတာအမှန်ပဲ။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T