ကွန်ဒုံကို သုံးရမယ့်နေရာထက် ပိုမိုတွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ ကျူးဘားနိုင်ငံ

//s9.kh1.co/40/40ab1dfbf6b1da045155092bb75a2ddbb5698000.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကျူးဘားနိုင်ငံ၊ ဟားဗားနားမြို့က ကလေးသူငယ်တွေဟာ ကွန်ဒုံးနဲ့ လေးခွလုပ်ပြီး ဆော့တတ်ကြတက်ပါတယ်တဲ့။ မွေးနေ့ပါတီတွေနဲ့ ပွဲအခမ်းအနားတွေမှာလည်း ဘောလုံးအစား ကွန်ဒုံးကို သုံးကြပါတယ်။ ကွန်ဒုံးဟာ အမျိုးသမီးတွေအတွက်ဆိုရင် ခေါင်းစည်းကြိုး၊ ယာဉ်မောင်းတွေအတွက်ဆိုရင် (ချောဆီပါတဲ့) ကွန်ဒုံးတွေက ဒက်ရှ်ဘုတ် သုတ်စရာတစ်ခု ဖြစ်နေပါတယ်။။ ဒါတင်မကသေးပါဘူး...ကွန်ဒုံးထဲမှာ ရမ်တွေဖြည့်ပြီး နိုက်ကလပ်ထဲ ခိုးသယ်ကြသူတွေလည်း ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f8/f86f71028b1416ee91110f45b4926baebbca2482.jpg
https://s9.kh1.co/__image/w=647,h=404,q=100/18/182f0b85f83b816cfa3266e55ce07c892944162f.jpg

ငါးဖမ်းသမားတွေက လေဖြည့်ထားတဲ့ ကွန်ဒုံးတွေကို ငါးဖမ်းပိုက်ကွန်ဘောလုံးတွေအဖြစ်လည်း အသုံးပြုကြပါတယ်။ ကျူးဘားရဲ့ ကွန်ဒုံးအသုံးချပုံဟာ ဒီမှာတင် မပြီးသေးပါဘူး။ ဝိုင်ထုတ်လုပ်သူတွေကလည်း ဝိုင်ဖန်အိုးကြီးတွေရဲ့နှုတ်ခမ်းဝမှာ ကွန်ဒုံးစွပ်ပြီး ဝိုင်ဖောက်ကြပါသေးတယ်။ ကျူးဘားမှာ ဝက်သစ်ချစည်တွေအစား ဖန်အိုးတွေနဲ့ ဝိုင်ဖောက်တာပါ။ ဖန်အိုးထိပ်မှာ စွပ်ထားတဲ့ ကွန်ဒုံးက ဖောင်းနေသေးတယ်ဆိုရင် ဒါဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်နေတုန်း၊ ဝိုင်ဖောက်လို့ မပြီးသေးဘူးလို့ ဆိုလိုတာဖြစ်ပြီး၊ ကွန်ဒုံးပျော့ကျသွားပြီရင်တော့ ဝိုက်ဖောက်လို့ ပြီးပြီဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=431,q=100/19/19b9b0dc0ef4170144c84aabf688e5ec292cd4ce.jpg
https://s9.kh1.co/__image/w=650,h=362,q=100/d7/d7f67a0f9b9d06917ff527cf6469d9ca07fdeb73.jpg

ကျူးဘားနိုင်ငံသားတွေဟာ ကွန်ဒုံးကို ထွင်သုံးတဲ့နေရာမှာတော့ ပြိုင်စံရှားပါပဲ။ ကွန်ဒုံးက ကျူးဘားမှာ ဈေးပေါတာနဲ့လည်း ဆိုင်ပါတယ်။ အစိုးရရောင်းဈေးအရဆိုရင် ကွန်ဒုံး ၃ ခုပါ တထုပ်ကိုမှာ ၁၀ ပီ ( ဒေါ်လာ ၄ ဆင့်) လောက်ပဲ ရှိပါတယ်။ ကျူးဘားအစိုးရဟာ လိင်ကျန်းမာရေးနဲ့ သားဆက်ခြားရေးကဏ္ဍတို့ကိုလည်း အားစိုက်လုပ်ဆောင်ပေးတဲ့ အစိုးရလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=645,h=431,q=100/fe/fe785a04a8bbd46887d935b0bf80fc4b3f50cdb1.jpg

သတင်း အရင်းအမြစ်Economist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T