အင်မတန်မှ ကြီးမားလှတဲ့ လက်တွေကို ပိုင်ဆိုင်ထားရတဲ့ ကောင်လေး

//s9.kh1.co/8c/8c7084c757832a48da00cee2e0afb27764da8d73.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

တချို့ လူတွေဟာ ထူးခြားချက်တွေနဲ့အတူ လူ့လောကထဲကိုဝင်ရောက်လာခဲ့ကြပါတယ်။ တစ်ခါမှမမြင်ဖူးသေးတဲ့ ထူးဆန်းမှုတွေကိုပါသယ်ဆောင်လာတတ်ကြပါတယ်။ ဒီတစ်ယောက်ကတော့ အသက်(၁၂)အရွယ်သာရှိသေးတဲ့ Tarik လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမွေးဖွားလာစဉ်ကတည်းက လက်တွေဟာ သာမာန်လူတွေထက်ကိုကြီးပြီးမွေးဖွားလာခဲ့ပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ လက်ရဲ့ပမာဏဟာလည်း တဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=460,h=261,q=100/ee/ee94844730f12d259d39cb0c911bf08abdb12bd2.jpg

ဒီသတင်းဟာ တောမီးပမာပျံ့နှံ့သွားခဲ့ပါတယ်။ သူရဲ့ နေထိုင်မှုပုံစံ ဗီဒီယိုတွေကိုလည်း မီဒီယာတွေက ရိုက်ကူးမှတ်တမ်းတင်ခဲ့ကြပါတယ်။ Tarikရဲ့ လက်အကြောင်းကို စိတ်ဝင်စားလို့သူ့ကို ကမ္ဘာအနှံ့ကဆေးပညာရှင် သုတေသီတွေက ဖိတ်ကြားပြီး လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အခုလို social networkခေတ်စားလာတဲ့အချိန်မှာတော့ သူ့ရဲ့ ဗီဒီယိုဟာ online ပေါ်မှာအရမ်းရေပန်းစားပြီး လူကြည့်များခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/5f/5f72894c28d73bf63edce9a80ccbaddce59e0ff8.jpg
https://s9.kh1.co/__image/w=634,h=381,q=100/3e/3e1d8126958149da2e559e7619eda6c5d6a82df3.png

Tarikအတွက်ကတော့ " ဒါကို ဒုက္ခလို့တွေးမနေတော့ပေမယ့် ကိုယ့်အင်္ကျ ီ ကိုယ်ဝတ်တဲ့အခါ လျော်တဲ့အခါတော့ ဘယ်လွယ်ပါ့မလဲ " ဆိုပြီး‌ ပြောခဲ့ပါတယ်။ အခုဆိုရင်သူ့မှာ ဖခင်မရှိတော့တဲ့အတွက် မိခင်နဲ့ သူ့အကိုနားမှာပဲနေပြီး ကြုံလာရတဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်လျက်ရှိပါတယ်။ သူတို့မိသားစုဟာလည်း Tarikရဲ့လက်ကို ဆေးကုပေးနိုင်ဖို့ ပိုက်ဆံရှာနေလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=346,q=100/86/861ace8ac4a9aab273a3c8a05f7f617f9390ef71.png

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T