PPEဝတ်ပြီး ပရဟိတအဖွဲ့နဲ့အတူလိုက်ကာ ရုပ်အလောင်းတွေကို မကြောက်မရွံ့ဘဲ သယ်ယူပို့ဆောင်ပေးနေတဲ့(၁၃)နှစ်အရွယ်လူငယ်လေးတစ်ဦး

//s9.kh1.co/99/99965cc1b44284532b14ed1c2be5b1fafc99df43.jpeg
နေ့စဉ်သတင်းများ

 ၂၉-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

PPEဝတ်ပြီး ပရဟိတအဖွဲ့နဲ့အတူလိုက်ကာ ရုပ်အလောင်းတွေကို မကြောက်မရွံ့ဘဲ သယ်ယူပို့ဆောင်ပေးနေတဲ့(၁၃)နှစ်အရွယ်လူငယ်လေးတစ်ဦး

လက်ရှိမြန်မာနိုင်ငံအတွင်းမှာတော့ ကိုဗစ်ကြောင့်သေဆုံးသူတွေများပြားနေလို့ ပရဟိတအဖွဲ့အစည်းတွေကလည်းရုပ်အလောင်းတွေကို မနားမနေ သယ်ယူပို့ဆောင်ပေးနေရတာဖြစ်ပါတယ်။ပရဟိတလူငယ်လေးတွေကတော့ပင်ပန်းပေမယ့်လည်း စေတနာအရင်းခံပြီး ကူညီနေကြတာဖြစ်ပါတယ်။ပရဟိတလုပ်ဆောင်တဲ့ သူတွေထဲမှာလူကြီး၊လူငယ်မရွေးပါဝင်ကြသလို ဘုန်းဘုန်းတွေလည်းတစ်တပ်တစ်အား ဝိုင်းဝန်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း အသက်(၁၃)နှစ်အရွယ်သာရှိသေးတဲ့ လူငယ်လေးတစ်ဦးက မေတ္တာသိင်္ဂဟနာရေးကူညီမှုအသင်းနဲ့အတူ dead body တွေကို သယ်ဆောင်ပေးနေတာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးကတော့ အသက်သာငယ်ပေမယ့်စိတ်ဓာတ်မြင့်မားပြီး ကူညီချင်စိတ်အပြည့်အဝရှိပါတယ်။သူကတော့ ဇူလိုင်လ(၁၀)ရက်နေ့ကတည်းကနေပရဟိတအလုပ်တွေဆောင်ရွက်လာတာ ယနေ့အချိန်ထိ လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း အဲ့ဒီကလေးရဲ့စိတ်ထားလေးကို လေးစားပြီးချီးကျူးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Dead Body တွေကို သယ်ဆောင်ရပေမယ့်လည်း လုံးဝကြောက်လန့်စိတ်မရှိဘဲ အများအကျိုးကို စွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်နေတာဖြစ်ပါတယ်။မျိုးဆက်သစ်လူငယ်လေးတွေက လက်ရှိအခြေအနေမှာ တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးလို့ အရမ်းကျေးဇူးတင်စရာကောင်းလှပါတယ်။ပြည်သူတွေအပေါ်မှာ စေတနာထားပြီးကိုယ်ကျိုးစွန့်ကူညီနေတဲ့ ပရဟိတလူငယ်လေးရဲ့ပုံရိပ်တွေကို လေးစားစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T