အောက်ဆီဂျင်ကျကာအရေးပေါ်အခြေအနေ‌ဖြစ်ခဲ့တာကြောင့် ဆိုက်တွဲလေးနဲ့ဆေးခန်းလာပြီး လမ်းပေါ်တင်ကုသမှုခံယူခဲ့ရတဲ့ အန်တီကြီးတစ်ယောက်ရဲ့အဖြစ်

//s9.kh1.co/0e/0e9164d3cfee54348cee29ac5d645f76f3578dba.jpg
နေ့စဉ်သတင်းများ

 ၂၉-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုတွေမှာ အိမ်လုံးကျွတ်ကူးစက်မှုတွေအထိဖြစ်ပေါ်နေတာကြောင့် အပြင်လည်းမထွက်နိုင်ဖြစ်နေကြကာ ဆေးဝါးအကူအညီတွေလည်းလိုအပ်နေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ခုဆိုရင် အခက်အခဲဖြစ်နေတဲ့ အိမ်တွေရဲ့ အရှေ့မှာ အစားအစာ လိုအပ်ရင် အလံ အဖြူ ထောင်ကြသလို ဆေးဝါးလိုအပ်ရင် အလံအဝါလေးထောင်ကာ အကူအညီတောင်းခံလာကြတာကိုတွေ့ရပါတယ်။

Photo credit-​ KP DIARY's Facebook page
Photo credit-​ KP DIARY's Facebook page

ကိုဗစ်ကူးစက်ခံရသူအတော်များများဟာ အောက်ဆီဂျင်တဲ့အခြေအနေတွေဖြစ်ပေါ်နေပြီး အရေးပေါ်ကုသမှုတွေလိုအပ်နေတာဖြစ်ပါတယ်။ ကလေးမြို့မှာဆိုရင်လည်း လက်ရှိအချိန်ထိ ပိုးကူးစက်မှုတွေဖြစ်ပေါ်နေပြီး အရေးပေါ်ကုသမှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။ ကလေးမြို့ကို ရောက်ရှိနေတဲ့ပရဟိတလူငယ်လေးတစ်ဦးဟာလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "အခြေအနေ တိုင်းအပေါ် ကျေနပ်လိုက်ရ​အောင်"

(I'm Sorry ) July 2.2021(T&T Covid - 19 Center)တွင်အရေးပေါ်ကိုဗစ်လူနာ ၁နာရီအတွင်း ၄ဦးလောက်ရောက်လာပြီး........တစ်ဦးက ကားနဲ့,၂ဦးကသုံးဘီးနဲ့လာနိုင်ပေမဲ့ ဒီအန်တီတော့ ဆိုက်တွဲ နဲ့ခက်ခက်ခဲခဲရောက်လာတယ်(အရေးပေါ်လူနာချင်းတူပေမဲ့ ပိုင်ဆိုင်မှုတော့ကွာခြားတယ်)

ချက်ချင်းပဲ ဆရာဝန်တွေအားဖြင့် လိုအပ်တဲ့ဆေးတွေကို လမ်းမပေါ်မှာပဲ ထိုးပေးတယ်.....အောက်ဆီဂျင်ကျနေတဲ့ ဒီအန်တီ ကို လည်း အောက်ဆီဂျင် တပ်ပေးတယ်.............(အန်တီရဲ့ ကျန်းမားရေး အခြေအနေက မကောင်းတော့ဘူး??)(အခြေအနေ အမျိုးမျိုးကြောင်း လမ်းမပေါ်မှာကုသခြင်းဖြစ်ပါသည်)။

Photo credit-​ KP DIARY's Facebook page
Photo credit-​ KP DIARY's Facebook page
Photo credit-​ KP DIARY's Facebook page
Photo credit-​ KP DIARY's Facebook page

"သူတို့တွေကိုမြင်လိုက်ရတော့ ကျွနုပ်စိတ်ထဲမှာ ချက်ချင်း ဝင်လာတာတစ်ခုက......ကြော် ဒီကိုဗစ်ဟာ လူတိုင်းအတွက် ကုသမှုခက်ခဲပေမဲ့ ကျွန်တော်တို့လို အခြေ ခံ လူတန်းစားတွေ အတွက် ပိုပြီး ခက်ခဲတာပေါ့ဗျာ......Test Kit တစ်ခုလေး​တောင်မှ ၈၀၀၀ to ၁၀၀၀၀ ပေးရတာကို.....(ငွေကြး)ရှိတဲ့ လူနာက ရှိသလို တိုက်ခိုက်တယ် မရှိတဲ့ လူနာတွေကလည်း မရှိသလို အဆင်ပြေအောင် တိုက်ခိုက်ကြတယ်........ဘာပဲဖြစ်ဖြစ် လူဆိုတာ သေတဲ့ အမျိုး ခုမသေသေး ရင်​တောင် မှ တစ်နေ့ သေကိုသေရမှာပဲ.....ဆိုတဲ့ စိတ်ဓာတ်မျိုး အမြဲမွှေးထားပြီး အခြေအနေ တိုင်းအပေါ် ကျေနပ်လိုက်ရ​အောင်လို့ ကျွန်တော် တိုက်တွန်း လိုပါတယ်ဗျ?????....." ဆိုပြီး ဗီဒီယိုလေးနဲ့အတူရေးသားမျှဝေလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ KP DIARY's Facebook page
Photo credit-​ KP DIARY's Facebook page

သတင်း အရင်းအမြစ်KP DIARY's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T