ကိုဗစ်ကူးစက်ခံရပြီး ရောဂါရဲ့ဖိစီးမှုကို အလူးအလဲခံစားနေရတဲ့ မိခင်ကြီးကို ပိုးမွေးသလိုပြုစုပေးနေပေမယ့် ကွယ်လွန်သွားတာကြောင့် ဝမ်းနည်းပူဆွေးနေတဲ့ တင်ဇာမော်

//s9.kh1.co/73/73a13d7bae196302b02af88f43afb88b4406d084.jpeg
အနုပညာရှင်များ

 ၂၉-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် တင်ဇာမော်ကတော့ လတ်တလောမှာ မိခင်ဖြစ်သူ ကွယ်လွန်ဆုံးပါးသွားတဲ့အတွက် ဝမ်းနည်းပူဆွေးလို့ နေပါတယ်..။

တင်ဇာမော်ရဲ့ မိခင်ကြီး ဒေါ်သန်းသန်းနွယ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ကတည်းက က်ုဗစ်ရောဂါကူးစက်ခံစားနေရတာဖြစ်ပြီး ဇူလိုင်လ(၂၈)ရက် ည(၁၀)ကျော်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်..။

Photo Credit - Tin Zar Maw's Fb Acc
Photo Credit - Tin Zar Maw's Fb Acc

​ကိုဗစ်ကူးစက်ခံရပြီး ရောဂါရဲ့ဖိစီးမှုကို အလူးအလဲခံစားနေရတဲ့ မိခင်ကြီးကို ပိုးမွေးသလိုပြုစုပေးနေခဲ့ပေမယ့် ကွယ်လွန်သွားတာကြောင့် တင်ဇာမော်တစ်ယောက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတာ ဖြစ်ပါတယ်..။

တင်ဇာမော်ကတော့ ဝေဒနာရှင်မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရင်း သူမကိုယ်တိုင်ရောဂါကူးစက်ခံထားရပြီး ကျန်းမာရေးဂရုစိုက်နေရပေမယ့် မိခင်ကြီး ကွယ်လွန်သွားတဲ့အကြောင်းကိုလည်း ဝမ်းနည်းစွာ အသိပေးပြောပြထားပါသေးတယ်..။

Photo Credit - Tin Zar Maw's Fb Acc
Photo Credit - Tin Zar Maw's Fb Acc
Photo Credit - Tin Zar Maw's Fb Acc
Photo Credit - Tin Zar Maw's Fb Acc

"မေမေ‌ရေ...

မေမေ့ကို သမီးသန့်ရှင်းရေးလုပ်ပေးမယ်နော်..

ဟယ် သမီးက မေမေ့ဒီနားလေးကနေထွက်လာတာနော်..

ဟုတ်တယ်မို့လားမေမေ..

ခုတော့ မေမေက သမီးရဲ့ ကလေးလေးနော် ပိုးလေးလိုမွေးထားရတာနော်.. အားတင်းထားပေးနော်မေမေ...

?

တစ်ကယ်တမ်းလက်တွေ့မှာ မေမေအရမ်းပင်ပန်းလှပါပြီ..

အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ ဆရာ၊ဆရာမတွေ၊ အတတ်နိုင်ဆုံးကူညီပေး အားပေးခဲ့ကြတဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊  ပရိသတ် များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

မေမေ ကောင်းရာဘုံဘဝမှာ အေးငြိမ်းချမ်းသာပါစေ

???

28.07.21 10:50PM.." ဆိုပြီး တင်ဇာမော်က ဝမ်းနည်းပူဆွေးမှုတွေနဲ့အတူ ရေးသားပြောပြထားပါ..။

တင်ဇာမော်ရဲ့မိခင်ကြီး ကွယ်လွန်သွားတဲ့အတွက် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေက မယုံနိုင်အောင် စိတ်မကောင်းဖြစ်နေကြပြီး ပရိသတ်တွေကလည်း ဝမ်းနည်းကြောင်းပြောကာ အားပေးဆုတောင်းထားကြတာ တွေ့ရပါတယ်..။

Photo Credit - Tin Zar Maw's Fb Acc
Photo Credit - Tin Zar Maw's Fb Acc

သတင်း အရင်းအမြစ်Tin Zar Maw's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T