ရင်ပွင့်မတတ်ချစ်ရတဲ့ခင်ပွန်းအတွက် သူမသေတဲ့အထိ ကုသိုလ်ကောင်းမှူတွေကိုအမြဲပြုလုပ်ပေးသွားမယ်ဆိုတဲ့ အဆိုတော်ရွှေရည်သိန်းတန်

//s9.kh1.co/a5/a501b0ad8905486d3a205b52c84539fb66c374f9.jpeg
အနုပညာရှင်များ

 ၂၉-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရင်ပွင့်မတတ်ချစ်ရတဲ့ခင်ပွန်းအတွက် သူမသေတဲ့အထိ ကုသိုလ်ကောင်းမှူတွေကိုအမြဲပြုလုပ်ပေးသွားမယ်ဆိုတဲ့ အဆိုတော်ရွှေရည်သိန်းတန်

တေးသံရှင် ရွှေရည်သိန်းတန်ကတော့ မကြာသေးခင်ရက်ပိုင်းအတွင်းကမှ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးထားရတာဖြစ်ပါတယ်။ရွှေရည်သိန်းတန်တို့ ဇနီးမောင်နှံနှစ်ယောက်က အလှူအတန်းလည်းရက်ရောပြီး စိတ်ထားပြည့်ဝကြတာကြောင့် လူချစ်လူခင်လည်းပေါများပါတယ်။ဒါ့ကြောင့် သူမရဲ့ခင်ပွန်းကွယ်လွန်တုန်းကဆိုရင် မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ ပရိသတ်တွေက သူမကို အားပေးနှစ်သိမ့်ပြီး ထပ်တူထပ်မျှခံစားဝမ်းနည်းနေကြတာဖြစ်ပါတယ်။

Photo Credit:Shwe Yee Thein Tan’s Fb acc

ရွှေရည်သိန်းတန်လည်း သူမအရမ်းချစ်ရတဲ့ခင်ပွန်းကို ဆုံးရှုံးလိုက်ရလို့ ဖြည်မဆည်နိုင်အောင် ဝမ်းနည်းနေရတာဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက် ချစ်ခင်ကြင်နာစွာနဲ့ ဘဝခရီးကို အတူတူလျှောက်လှမ်းနေရင်း အခုလိုရုတ်တရက်ခွဲခွါသွားတော့ သူမလည်းဘယ်လိုမှမယုံနိုင်အောင်ခံစားခဲ့ရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ရွှေရည်သိန်းတန်က ချစ်ခင်ပွန်းအတွက်ရည်စူးပြီး သံတွဲမြို့၊ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သုံးသိန်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc

ရွှေရည်သိန်းတန်ကတော့ သူမရဲ့ခင်ပွန်းအတွက် နာမည်ခေါ်ပေးစရာမလိုအောင် အပြည့်အဝရဖို့အတွက်အလှူအတန်းတွေကို သူမသေတဲ့အထိပြုလုပ်ပေးမှာဖြစ်ပါတယ်။အခုချိန်မှာ အရမ်းအကူအညီလိုအပ်နေတဲ့နေရာလေးကို ရက်ရက်ရောရောလှူဒါန်းပေးတဲ့ ရွှေရည်သိန်းတန်လည်း သောကအပူမီးတွေငြိမ်းအေးပါစေလို့ ဆုတောင်းပေးပါတယ်။ချစ်ရသူခင်ပွန်းနဲ့ အချိန်မတန်သေးဘဲခွဲခွါလိုက်ရတဲ့ ရွှေရည်သိန်းတန်ရဲ့ခံစားချက်ကို ကိုယ်ချင်းစာရင်း သူမရဲ့အလှူဒါနကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc
Photo Credit:Shwe Yee Thein Tan’s Fb acc

Source&Photo Credit:Shwe Yee Thein Tan’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T