သူ့ပွဲတိုင်းအမြဲလိုက်အားပေးတဲ့ သူငယ်ချင်းဗီဗာဟိန်းရဲ့မိဘနှစ်ပါးက ရက်ပိုင်းအတွင်းဆုံးပါးသွားလို့ ဝမ်းနည်းနေရကြောင်း ဖွင့်ဟလာတဲ့ ဟန်ထူးစျာန်

//s9.kh1.co/f5/f5613c1b9f056992a52b58dc932fc36a52bedd73.jpg
အနုပညာရှင်များ

 ၂၉-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူ့ပွဲတိုင်းအမြဲလိုက်အားပေးတဲ့ သူငယ်ချင်းဗီဗာဟိန်းရဲ့မိဘနှစ်ပါးက ရက်ပိုင်းအတွင်းဆုံးပါးသွားလို့ ဝမ်းနည်းနေရကြောင်း ဖွင့်ဟလာတဲ့ ဟန်ထူးစျာန်

ကိုဗစ်တတိယလှိုင်းဒဏ်ကို ရင်ဆိုင်ခံစားနေရတဲ့ ပြည်သူတွေထဲ အဆိုတော်ဗီဗာဟိန်းတို့မိသားစုလည်းအပါအဝင်ဖြစ်ပြီး တစ်မိသားစုလုံး ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ Julyလ(28)ရက်နေ့ မနေ့ကတော့ အဆိုတော်ဗီဗာဟိန်းရဲ့ မိခင်ဖြစ်သူအဆိုတော်ဗိုလ်မတစ်ယောက် ကိုဗစ်ရောဂါကူးစက်ခံရပြီး ဆုံးပါးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ သူမရဲ့ဖခင်ဖြစ်သူအဆိုတော်ဦးဗိုလ်ဟိန်းတစ်ယောက်ကွယ်လွန်သွားခဲ့သေးတာပဲဖြစ်ပြီး ဗီဗာဟိန်းကတော့ ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူကို ရက်ပိုင်းလေးသာခြားပြီး ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။

Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 
Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 
Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 
Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 

(၃)ရက်ပဲခြားပြီး အမေနဲ့အဖေဆုံးပါးသွားတာကြောင့် အဆိုတော်ဗီဗာဟိန်းတစ်ယောက် ယူကျုံးမရဖြစ်ပြီး ဝမ်းနည်းကြေကွဲနေခဲ့ပါတယ်။ ယခုမှာတော့ ဟန်ထူးစျာန်ဟာ အရမ်းခံစားနေရတဲ့ သူငယ်ချင်းဖြစ်သူဗီဗာဟိန်းကိုဖုန်းဆက်ပြီး နှစ်သိမ့်အားပေးစကားပြောဆိုရင်း ရင်တွေပွင့်မတတ်ငိုကြွေးနေတာကိုကြားရလို့ စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ဟန်ထူးစျာန်ကတော့ ကွယ်လွန်သွားကြတဲ့ ဗီဗာဟိန်းရဲ့မိဘနှစ်ပါးနဲ့ အရမ်းခင်မင်ခဲ့သလို သူ့ပွဲတိုင်းကိုလည်း အမြဲလိုက်အားပေးခဲ့သူတွေဖြစ်တာကြောင့် ဝမ်းနည်းနေပြီး အမှတ်တရလေးတွေကို ပြန်လည်ပြောပြလာခဲ့ပါတယ်။

Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 
Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 
Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 
Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 

ဟန်ထူးစျာန်ကတော့ " တစ်ကယ်မျက်စိထဲကမထွက်ဘူးအရမ်းစိတ်ထားဖြူစင်ကြတဲ့ ဦးနဲ့အန်တီပါ ကိုယ်ပိုင်သီချင်းမရှိခင်တုန်းက အန်တီကလေ ကျွန်တော့်ကို ခွေထွက်စေချင်ကြတာ သားအသံနဲ့ထွက်ပါပေါက်မှာပေါက်မှာနဲ့ လိမ်လိမ်မာမာနေပါကလေးရယ် သီချင်းလေးလည်းနေရာတကာဖွင့်လို့ ပေါက်သံလေးလည်းကြားရော တစ်မိသားစုလုံး ဝမ်းသာလို့ဖုန်းတွေဆက်လိုက်ကြတာ မှတ်မိနေသေးတယ် ကျွန်တော့် လုပ်သမျှအခွေ Promotion တိုင်းမညည်းမညူပြုံးရွှင်လို့ လိုက်ကြတာအိမ်ခေါ်မုန့်တွေလုပ်ကျွေး ပြည်ထမင်းသုပ်လေးလုပ်ကျွေးတာကောင်းလိုက်တာဆို ထပ်လုပ်ကျွေးမယ်တဲ့ဆိုပြောသေးတာပါ အရမ်းချစ်ရတဲ့သူတွေပါ ဆုတောင်းပေးနေခဲ့တာ မပြည့်ခဲ့ပါဘူးဗျာ"ဆိုပြီး စိတ်မကောင်းဖြစ်မိကြောင်း ရေးသားထားပါတယ်။ပရိသတ်တွေကလည်း မိဘနှစ်ပါးကို ရက်ပိုင်းလေးအတွင်းဆုံးရှုံးလိုက်ရတဲ့ အဆိုတော်ဗီဗာဟိန်းအတွက် ဝမ်းနည်းနေကြပါတယ်။

Source : han htoo zen ဟန်ထူးစျာန် ' s Facebook Page 

Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 
Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 
Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 
Photo Credit: han htoo zen ဟန်ထူးစျာန် ' s Facebook Page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T