အောက်ဆီဂျင်အရေးပေါ်လိုအပ်နေတဲ့လူနာအတွက် ကိုယ်တိုင်သွားပို့ပေးခဲ့ပေမယ့် သင်ခန်းစာရတဲ့အထိ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ အိစိကွေး

//s9.kh1.co/3c/3ced47ccd064ca49d4f5e6f8e32ea2c0be9a5a35.jpg
အနုပညာရှင်များ

 ၂၉-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမှာ Covid 19တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုတွေမှာ အိမ်လုံးကျွတ်ကူးစက်မှုတွေအထိဖြစ်ပေါ်နေတာကြောင့် အပြင်လည်းမထွက်နိုင်ဖြစ်နေကြကာ ဆေးဝါးအကူအညီတွေလည်းလိုအပ်နေကြတာဖြစ်ပါတယ်။ ဒါ့ပြင်အောက်ဆီဂျင်ပြတ်လပ်မှုတွေလည်း ကြုံတွေ့နေကြပြီး အရေးပေါ်အောက်ဆီဂျင်လိုအပ်မှုတွေလည်း အတော်များများတွေ့ကြုံနေကြရပါတယ်။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

အခုလိုအောက်ဆီဂျင် အရေးပေါ်လိုအပ်နေတာကြောင့် အိစိကွေးဟာ တတ်နိုင်တဲ့ဘက်ကနေကူညီပေးရင်း စိတ်မကောင်းစရာဖြစ်ရပ်တစ်ချို့နဲ့တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ Facebookစာမျက်နှာမှာ "ဒီနေ့ သင်ခန်းစာ တစ်ခုရခဲ့တယ် စိတ်ကွက်တာမဖြစ်ပေမယ့် စိတ်မကောင်းတော့ အတော်ဖြစ်ရတယ်ကျွန်တော် O2 ကို အိမ်မှာပဲ ပေးရှူမယ်လုပ်ခဲ့တာ

ဒါပေမယ့် အရေးပေါ်ဆိုတော့လည်း အိမ်ထိ ကိုယ့်ဘာကိုယ် လိုက်ပို့ပေးတယ် အစအဆုံးလုပ်ပေးတယ် တပြားတချက်မှ မယူပဲ ကိုယ့်စရိတ်နဲ့ ကိုယ်ပေါ့ဗျာဒီနေ့ O2 အရေးပေါ်လိုတယ်ဆိုလို့ အလုပ်လုပ်နေရင်း တန်းလန်းကြီး သွားပို့ပေးတယ် လမ်းမှာလည်း သူများကားက ကိုယ်ကားဝင်တိုးသွားတာတောင် အရင် ရောက်အောင် ပို့ပေးတယ် ဟိုရောက်တော့ ဘာမှမလုပ်တတ်လို့ လူနာကို ကိုယ်တိုင် ကိုင်တွယ်ပြီး အစအဆုံးလုပ်ပေးတယ် စိတ်ချရတော့ ကိုယ်လည်း ကားကိစ္စလုပ်မယ်ဆိုပြီး ထွက်လာခဲ့တာပေါ့.....။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

"O2 ဖြည့်ပေးထားမယ်ဆိုတော့ ကိုယ်လည်း အေးဆေးလုပ် တာပေါ့ အိုးသွားယူတော့ မဖြည့်ထားဘူးမရဘူးဆိုတာလည်း အကြောင်းမပြန် အိမ်မှာ နေမကောင်းတဲ့သူရှိတော့ Stand by ထားထားဖို့ဆိုတာ သိရက်နဲ့ ဗျာ ထားပါ အိမ်ရှေ့ထိသွားတော့ ငှါးတဲ့သူကိုယ်တိုင်ထွက်မလာ ကိုယ့်ဘာကိုယ် အိမ်ပေါ်တက် ပစ္စည်းတွေ ဖြုတ်သိမ်းပြီး ပြန်သယ်လာရတယ် ကျေးဇူးတင်ခံချင်လို့ မဟုတ်ပေမယ့် စိတ်တော့ မကောင်းဖြစ်မိတယ်

ဘာပဲဖြစ်ဖြစ် ကိုယ့်ကြောင့် အသက်ရှူချောင်သွားရင် ကုသိုလ်ရတာပဲဆိုပြီး တရားသဘောလေးနဲ့ပဲ ဖြေခဲ့တယ် ရှေ့က ပရဟိတလုပ်နေတဲ့သူတွေအတွက်တော့ဒါကကြုံနေကြဆိုပေမယ့် ကိုယ့်အတွက်တော့ အသစ်ဖြစ်ပြီး သင်ခန်းစာယူနိင်ခဲ့တယ် ကဲ မိုးလင်းထဲက ခုထိ ထမင်းတစ်နပ်မစားရသေးလို့ စားတော့မယ် အားလုံးနေကောင်းကြပါစေဗျာ....."ဆိုပြီးရေးသားထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

သတင်း အရင်းအမြစ်Eisi Kway's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T