ခေါ်မရလို့အိမ်တံခါးကို ရိုက်ချိုးပြီးဝင်ကြည့်ရာ သေဆုံးနေတဲ့ ပြည်သူတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတဲ့ ရန်ကုန်မြို့က ဝမ်းနည်းစရာဖြစ်ရပ်

//s9.kh1.co/9a/9a904d8b0b7e6695d0b04820bc965f229ee4d843.jpg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ခေါ်မရလို့အိမ်တံခါးကို ရိုက်ချိုးပြီးဝင်ကြည့်ရာ သေဆုံးနေတဲ့ ပြည်သူတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတဲ့ ရန်ကုန်မြို့က ဝမ်းနည်းစရာဖြစ်ရပ်

ကိုဗစ်ရောဂါကူးစက်မှုတွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူအများအပြားဟာ အကူအညီမဲ့စွာနဲ့ အသက်သေဆုံးနေကြကြောင်း စိတ်မကောင်းစွာနဲ့ သိရှိရပါတယ်။ တစ်ယောက်တည်းနေထိုင်ပြီး ပတ်ဝန်းကျင်ကအဆက်အသွယ်မရတာကြောင့် သွားကြည့်ရာမှ အသက်သေဆုံးနေတဲ့ ပြည်သူတွေရဲ့သတင်းတွေကိုလည်း မကြာခဏမြင်တွေ့ရပါတယ်။ ယနေ့Julyလ(28)ရက်နေ့မှာတော့ ရန်ကုန်မြို့၊ ဗဟိုလမ်းမပေါ် ပန်းတနော်လမ်းထိပ်၊ တိုက်(၄)လွှာမှာ တစ်ယောက်တည်းနေထိုင်နေတဲ့ ပြည်သူကို ပတ်ဝန်းကျင်က ခေါ်လို့မရတာကြောင့် ပရဟိတသမားတွေဆီ အကူအညီတောင်းခံခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အကူအညီတောင်းခံတာကြောင့် ပရဟိတသမားတွေလာရောက်ပြီး အိမ်တံခါးကို ခက်ခက်ခဲခဲနဲ့ရိုက်ချိုးဝင်ရောက်ကာ ကြည့်ရူလိုက်ချိန်မှာတော့ သေဆုံးနေတဲ့ ပြည်သူတစ်ဦးရဲ့ ရုပ်အလောင်းကို မြင်တွေ့ခဲ့ရပါတယ်။ အသက်သေဆုံးနေတဲ့ အဆိုပါပြည်သူဟာ အမျိုးသားတစ်ဦးဖြစ်ပြီး အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို ခုံလေးပေါ်မှာ  မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ လူမသိသူမသိနဲ့ သေဆုံးသွားခဲ့ရပြီး သနားစရာ​ကောင်းသလို ဝမ်းနည်းစရာလည်းကောင်းတဲ့ အဆိုပါဗီဒီယိုဖိုင်လေးကို ကြည့်ကာ ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုဖြစ်ရပ်လိုပဲ စမ်းချောင်းမြို့နယ်၊ကြံခင်းလမ်းက အိမ်တစ်အိမ်ကို ဝင်ကြည့်လိုက်ရာတွင်လည်း အသက်သေဆုံးနေတဲ့ ပြည်သူတစ်ဦးကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတသမားတစ်ဦးကတော့ " ကဲနောက်ထပ်ဗဟိုလမ်းမပေါ်ပန်းတနော်လမ်းထိပ်တိုက်(၄)လွှာ တစ်ယောက်တည်းနေသူ ခေါ်မရ၍အကူအညီတောင်းပြန် "ဆိုပြီး အဆိုပါဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ပရဟိတသမားတွေက တံခါးကို ရိုက်ချိုးပြီးအိမ်ထဲသို့ဝင်ရောက်ကြည့်ရာ သေဆုံးနေတဲ့ ပြည်သူတစ်ဦးကို တွေ့မြင်ခဲ့ရတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T