အောက်ဆီဂျင်ကျကာ သေလုမြောပါးအခြေအနေထိရောက်ခဲ့ပေမယ့် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ ကောင်းထက်ဇော်

//s9.kh1.co/1a/1a0bab0a35890a5ece9cddf1efad207cdac3e10c.jpg
အနုပညာရှင်များ

 ၂၈-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကူးစက်မှုတွေတစ်ကျော့ပြန်လည်ဖြစ်ပေါ်နေတဲ့ ကိုဗစ် Third waveရဲ့အရှိန်ကြောင့် မြန်မာပြည်သူအတော်များများလည်းကူးစက်ခံနေရပြီး အနုပညာရှင်အချို့လည်းကူးစက်ခံနေရကာ အသက်ဆုံးရှုံးမှုတွေအထိဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့်သေဆုံးရတဲ့ ပြည်သူချစ်အနုပညာရှင်ကြီးတွေနဲ့ ၄င်းတို့ရဲ့ဆွေမျိုးအသိုင်းအဝိုင်းတွေလည်း တစ်နေ့တခြားများပြားလာနေပြီး အောက်ဆီဂျင်ပြတ်လပ်မှုတွေကြောင့် အများစုမှာသေဆုံးနေကြရတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

MRTV-4, Channel-7ရဲ့ ပင်တိုင်စံ Presenterတစ်ယောက်ဖြစ်တဲ့ ကောင်းထက်ဇော်ဟာလည်း မကြာခင်ရက်ပိုင်းအတွင်းက အောက်ဆီဂျင်ကျကာ အရေးပေါ်အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အဆုတ်‌ရောင်ကာ အသက်ရှူကြပ်ပြီး အရေးပေါ်အခြေအနေဖြစ်ခဲ့ရတဲ့အတွက် ညတွင်းချင်း အောက်ဆီဂျင်အိုးအကူအညီတောင်းခံခံ့ရတဲ့ ပို့စ်တွေလည်း လူမှုကွန်ယက်စာမျက်နှာထက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

အခုလိုအရေးပေါ်အခြေအနေနဲ့ ကြုံခဲ့ရပြီးနောက်မှာတော့ ကောင်းထက်ဇော်ဟာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီလို့သိရပါတယ်။ ဆေးကုသမှုဆက်လက်ခံယူ‌နေပြီး ဆေးရုံဆင်းခွင့်မရေသေးပေမယ့်လည်း  ကျန်းမာရေးကောင်းမွန်လာကြောင်းကို ပုံနဲ့တကွ ဆရာတော်တစ်ပါးက ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T