ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူအတွက် ဝမ်းနည်းပူဆွေးနေတဲ့ စိုးစန္ဒာထွန်းကို အားပေးစကားပြောလာတဲ့ ကျော်ကျော်နန္ဒ

//s9.kh1.co/40/407c2075e8e0d6d02f96b7fca21e512268131605.jpeg
အနုပညာရှင်များ

 ၂၈-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာသံစဉ် အဆိုတော်စိုးစန္ဒာထွန်းကတော့ လက်ရှိအချိန်မှာ မိခင်ဖြစ်သူကွယ်လွန်သွားတဲ့အတွက် ပူပန်သောကတွေနဲ့ ဝမ်းနည်းပူဆွေးနေရတာ ဖြစ်ပါတယ်..။

စိုးစန္ဒာထွန်းရဲ့မိခင်ကြီးဒေါ်ရင်ရင်မြဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သွေးဆိုး ဆီးချို နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပြီး ရက်လည်တဲ့နေ့ကျမှ ပရိသတ်တွေကို အသိပေးပြောပြခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Soe Sandar Tun's Fb Acc
Photo Credit - Soe Sandar Tun's Fb Acc

​လတ်တလောမှာတော့ ကျန်းမာရေးကောင်းနေပေမယ့် မိခင်ကြီး ဆုံးပါးသွားတာကြောင့် ဝမ်းနည်းပူဆွေးနေတဲ့ စိုးစန္ဒာထွန်းအတွက် ကျော်ကျော်နန္ဒက အားပေးစကားပြောလာပါတယ်..။

စိုးစန္ဒာထွန်းရဲ့ မိခင်ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ဆုတောင်းစကားတွေလည်း ပြောထားတာ တွေ့ရပါတယ်..။

Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Soe Sandar Tun's Fb Acc
Photo Credit - Soe Sandar Tun's Fb Acc

"ချစ်မစိုးစန္ဒာထွန်းရဲ့ အမေ ကွယ်လွန်သွားသည့်အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်ပါသည်ဗျ အမလည်း ကျန်းမာရေးကောင်းမွန်ပါစေ.." ဆိုပြီး အားပေးစကားဆိုထားတာ ဖြစ်ပါတယ်..။

လက်ရှိအချိန်မှာ သေဆုံးသူများပြားနေတာကြောင့် ပြည်သူတွေကလည်း ဝမ်းနည်းစိတ်မကောင်းစွာနဲ့ ကပ်ရောဂါဆိုးကြီးကိုလည်း ကြိုးစားကျော်ဖြတ်နိုင်ဖို့ ဆုတောင်းရင်း အချင်းချင်းဖေးမကာ အားပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Kyaw Kyaw Nanda's Fb Acc
Photo Credit - Kyaw Kyaw Nanda's Fb Acc

သတင်း အရင်းအမြစ်Kyaw Kyaw Nanda's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T