ရည်းစားဟောင်းနဲ့ပက်သက်တဲ့အရှုပ်တော်ပုံများကြောင့် ဇာတ်လမ်းမှထုတ်ပယ်ခံခဲ့ရသည့် သရုပ်ဆောင် Kim Min Gwi

//s9.kh1.co/83/833b8151184a7c80096bab427c09726559ff10ba.jpg
ဖျော်ဖြေရေးများ

 ၂၈-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် Kim Min Gwiဟာ လက်ရှိပြသနေတဲ့ "Nevertheless" ဒရမ်မာမှာပါ၀င်နေတဲ့သူဖြစ်ပြီး သူပါ၀င်တဲ့အခန်းများကို တည်းဖြတ်ကာ သူ့ရဲ့အခန်းကဏ္ဍအတွက် ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဇူလိုင် ၂၇ရက်နေ့မှာ JTBCရဲ့ "Nevertheless" ဒရမ်မာက တာ၀န်ရှိသူတစ်ဦးက Star Newsကို အခုလိုပြောကြားခဲ့ပါတယ်။ "ယခုအပတ် ထုတ်လွှင့်မှု ဇူလိုင် ၃၁ရက်နေ့မှစတင်ကာ Kim Min Gwiရဲ့ အခန်းများကိုတတ်နိုင်သရွေ့ပြန်လည်တည်းဖြတ်ကာ ထုတ်ပယ်သွားမည်" ဆိုပြီး ပြောကြားခဲ့ပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

Kim Min Gwiဟာ "Nevertheless" ဒရမ်မာတွင် Nam Kyu Hyun အဖြစ်ပါ၀င်သရုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ရက်နေ့မှာ သူ့ရဲ့ ရည်းစားဟောင်းဖြစ်သူက social mediaတွင် သူနဲ့ပက်သက်ပြီး အကြောင်းအရာအချို့ကိုရေးသားခဲ့တာဖြစ်ပါတယ်။ ၎င်းကတော့ Kim Min Gwiဟာ သူ့ရဲ့ရည်းစားဟောင်းအပေါ် အကြိမ်ကြိမ်လှည့်စားခဲ့ပြီး Covid 19စည်းမျဉ်းများကိုလည်း ချိုးဖောက်ခဲ့တယ်လို့ဆိုပါတယ်။

Photo credit-Google
Photo credit-Google
Photo credit-Google
Photo credit-Google

Kim Min Gwiရဲ့ Entertainmentဖြစ်တဲ့ Big Picture Entertainmentရဲ့ ထုတ်ပြန်ချက်အရ "သူဟာ သူ့အမှားများကို၀န်ခံပြီး သူ့ကြောင့်စိတ်ထိခိုက်ခံစားရသူအားလုံးကိုလည်း စိတ်ရင်းမှန်နဲ့ တောင်းပန်ကြောင်း"ပြောကြားခဲ့ပါတယ်။ သို့ပေမယ့် Covid 19လမ်းညွှန်ချက်များကို ဖောက်ဖျက်ခဲ့တယ် ‌ဆိုတာတော့ မမှန်ကန်ကြောင်းကိုလည်း ပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။ Kim Min Gwiဟာ သူ့ရဲ့ Instagram accမှာလည်း တောင်းပန်စာကိုလက်ရေးနဲ့ရေးသားကာ တောင်းပန်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကတော့ မြင့်တက်နေဆဲဖြစ်ပါတယ်။

Photo credit-Google
Photo credit-Google

သတင်း အရင်းအမြစ်Twitter

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T