တစ်ကိုယ်လုံးမိုးရေတွေစိုရွှဲပြီး ချမ်းလွန်းလို့တုန်နေပေမယ့်လည်း အောက်ဆီဂျင်ရဖို့အရေး စိတ်ရှည်စွာစောင့်ဆိုင်းနေရတဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယို

//s9.kh1.co/4b/4b52d179ebbeabaa909cd36125aea7cc7d7b8567.jpeg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

တစ်ကိုယ်လုံးမိုးရေတွေစိုရွှဲပြီး ချမ်းလွန်းလို့တုန်နေပေမယ့်လည်း အောက်ဆီဂျင်ရဖို့အရေး စိတ်ရှည်စွာစောင့်ဆိုင်းနေရတဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယို

မိမိတို့ရဲ့မိသားစုဝင်တွေထဲမှာ ကိုဗစ်ကူးစက်ခံထားရသူရှိတဲ့အခါ အောက်ဆီဂျင်မကျဖို့အတွက် အောက်ဆီဂျင်အိုးတွေကို လိုက်လံရှာဖွေဝယ်ယူနေရတာပဲဖြစ်ပါတယ်။တချို့ကိုဗစ်လူနာတွေဆိုရင် အသက်ရှူအရမ်းကြပ်လာလို့အောက်ဆီဂျင်ရှူနေမှ အဆင်ပြေတဲ့အခြေအနေဖြစ်ပါတယ်။လတ်တလောမှာတော့ ကိုဗစ်လူနာတွေများပြားနေတာကြောင့် အောက်ဆီဂျင်မလုံလောက်တဲ့အပြင် တချို့စီးပွါးရေးသမားတွေကလည်း မတန်တဆစျေးတင်ပြီးရောင်းချနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တချို့ပြည်သူတွေဆိုရင် အောက်ဆီဂျင်ရဖို့အတွက်တန်းစီနေရင်း လူနာအသက်ဆုံးရှုံးသွားလို့ ငိုကြွေးပြီးပြန်လှည့်ရတာတွေလည်းရှိပါတယ်။ဒီလိုစိတ်မကောင်းစရာသတင်းတွေကို နေ့တိုင်းနီးပါးကြားသိနေရတာကြောင့်ပြည်သူလူထုလည်း ခက်ခဲနေတဲ့သူတွေကို တတ်နိုင်တဲ့နေရာကနေ စေတနာအပြည့်နဲ့ ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပြည်သူတစ်ဦးက အောက်ဆီဂျင်ရဖို့အတွက် မိုးလေးခိုရင်း စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီပြည်သူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကတော့ မိုးရေတွေစိုရွှဲနေပြီး ချမ်းလွန်းလို့ တုန်နေရှာတာဖြစ်ပါတယ်။ခိုက်ခိုက်တုန်အောင်ချမ်းနေပေမယ့် အောက်ဆီဂျင်ရဖို့သာအရေးကြီးတာကြောင့် စိတ်ရှည်စွာနဲ့ ဆက်လက်စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ပြည်သူတွေခမျာလည်း ဒုက္ခအခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရတာတောင်အားတင်းကျော်ဖြတ်နေရတာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်အတွင်းမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေလည်း အမြန်ဆုံးပြန်ကောင်းပါစေလို့ ဆုတောင်းရင်း ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit:Original Uploder

Source&Video Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T