ကိုဗစ်ကိုအနိုင်ယူခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံတွေကိုပြောပြရင်း အောက်ဆီဂျင်ကျနေတဲ့ လူရွှင်တော်စိန်သီးအတွက် အားပေးစကားဆိုလာတဲ့ ငြိမ်းချမ်း

//s9.kh1.co/79/79ba62488d25f6453f6a1c7c3311646445b78314.jpeg
အနုပညာရှင်များ

 ၂၈-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ကိုဗစ်ရောဂါကြောင့် လူပေါင်းများစွာ ကူးစက်ရောဂါခံစားနေရပြီး အနုပညာရှင်တွေထဲက သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်စိန်သီးကလည်း လက်ရှိမှာ အောက်ဆီဂျင်ရှုနေရပါတယ်..။

ကျန်းမာရေးမကောင်းတဲ့ စိန်သီးအတွက် လူရွှင်တော်ငြိမ်းချမ်းကလည်း သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာ အဖြစ်အပျက် အတွေ့အကြုံတွေကို ပြောပြကာ အားပေးစကားပြောလာပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

ကိုဗစ်ကူးစက်ခံရပြီး တစ်ပတ်ကျော်လောက် အားတင်းရင်ဆိုင်ခဲ့ပြီး ပြန်ကောင်းလာတဲ့ အတွေ့အကြုံတွေကို ဝေမျှပြောပြရင်း စိန်သီးအတွက် အားပေးစကားပြောထားတာ ဖြစ်ပါတယ်..။

"ညီလေး စိန်သီး အားတင်းထားညီလေး အရာရာတ်ိုင်းကို ကျော်ဖြတ်လာခဲ့တာ ဒါကျမှအလျှော့မပေးနိုင်ဘူးနော် ဒါလည်း န်ိုင် ကို နိုင်ရမယ် အကိုတောင် ၁ ပါတ်လောက် တော်တော်လေး ခံလိုက်ရတယ် ၃ရက်လောက် မအိပ်န်ိုင် မစားနိုင် အထိတောင်မခံနိုင်အောင် တကိုယ်လုံး နာနေတာ  ဒါပေမယ့် အခု လုံးဝကောင်းသွားပြီ စားတယ် အိပ်တယ် ဒို့တွေ ပြည်သူတွေအပေါ်ထားတဲ့စေတနာ ပြည်သူတွေရဲ့ တုံ့ပြန်မေတ္တာကြောင့် ဒို့နေကောင်းရမယ် အားတင်းထားပါချစ်ညီလေး.." ဆိုပြီး ငြိမ်းချမ်းက အားပေးစကားတွေ ပြောထားတာပါ..။

Photo Credit - Nyein Chan's Fb Acc
Photo Credit - Nyein Chan's Fb Acc
Photo Credit - Nyein Chan's Fb Acc
Photo Credit - Nyein Chan's Fb Acc

လူရွှင်တော် စိန်သီးအတွက် အနုပညာရှင်အသိုင်းအဝိုင်းမှ မိတ်ဆွတွေက စိတ်ပူကြသလို ပြည်သူတွေကလည်း ဆုတောင်းအားပေးထားကြတာ တွေ့ရပါတယ်..။

အခုလို ကပ်ရောဂါကာလကြီးမှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေးအထူးဂရုစိုက်နေထိုင်ကြဖို့နဲ့ ရောဂါကူးစက်ခံရတဲ့ လူနာတွေကလည်း စိတ်ဓာတ်ကျ အားမငယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - Nyein Chan's Fb Acc
Photo Credit - Nyein Chan's Fb Acc

သတင်း အရင်းအမြစ်Nyein Chan's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T