တတိယလှိုင်း ကိုဗစ်ကာလမှာတော့ ပြည်သူတွေ ကျေးဇူး အထူး တင်နေကြတာကတော့ ပရဟိတ သူရဲကောင်းတွေပဲ ဖြစ်ပါတယ်။ နေ့တွေ ညတွေ မရှောင် နေပူပူမိုးရွာရွာ အများအတွက် အနစ်နာခံကာ ကိုဗစ်နဲ့ ပတ်သက်တာ ကိစ္စအဝဝကို ကူညီဆောင်ရွက်ပေးနေကြတာပါ ။ ဒါကတော့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပြည်သူတွေ အများစု ဖော်ပြပေးကြလို့လည်း ပရဟိတ သူရဲကောင်းတွေရဲ့ လေးစားစရာ လုပ်ဆောင်ချက်တွေကို သိမြင်နေရတာလည်းဖြစ်ပါတယ် ။

 Photo Credit : KP Diary Facebook Page 
 Photo Credit : KP Diary Facebook Page 

တစ်ချို့ကြတော့လည်း လူတွေ သိပ်မသိလိုက်ဘဲ ဒီလိုကာလတွေမှာ ပါဝင်ကာ ဆောင်ရွက်ပေးနေကြတဲ့ သူရဲကောင်းတွေ များစွာလည်းရှိနေပါတယ် ။ ဒါကတော့ ကလေးမြို့မှာ ကိုဗစ်ကြောင့်သေဆုံးသူတွေကို မြှပ်နိုင်ရန်အတွက် နေပူမရှောင် မိုးရွာမရှောင် အုတ်စီပေးနေကြရတဲ့ ပန်းရံအလုပ်သမားတွေပဲဖြစ်ပါတယ် ။ ကလေးမြို့မှာဆိုရင် ခုချိန်အထိ သေဆုံးသူ လူဦးရေ (၅၆၀) ရှိနေပြီး ပန်းရံလုပ်သားတွေခမျာအကာအကွယ်တွေမဝတ်နိုင်ဘဲ ရောဂါတွေကြားက အချိန်မှီမြှပ်နိုင်အောင် ဆောင်ရွက်ပေးနေကြရတယ်လို့ သိရပါတယ် ။

 Photo Credit : KP Diary Facebook Page 
 Photo Credit : KP Diary Facebook Page 

ဒါကြောင့် သူတို့တွေကိုလည်း ပန်းရံသမား သက်သက်လို့ မမြင်ဘဲ သူရဲကောင်းတွေ အဖြစ် အသိအမှတ်ပြုပေးသင့်ကြောင်းကို  ပြည်သူတစ်ယောက်က " ဒီနေ့ ကျွန်တော် တင်ပြချင်တာကတော့

"Social Media ပေါ်မှာ မြင်တွေ့ရလေ့မရှိ လူပြောနည်းတဲ့ ကလေးမြို့သကြိုင်းအတွင်း  နေပူမိုးရွာ မရှောင်အုတ်စည်ပေးတဲ့​နောက်ကွယ်က ပန်းရံသမားတွေရဲ့ အကြောင်းဖြစ်ပါတယ်ဗျာ။ ပန်းရံသမားဆိုတာနဲ့ လူတွေရဲ့ အတွေးထဲမှာတော့ အထင်ကြီးလေးစားတဲ့ အတွေးမျိုးတော့ ချက်ချင်းပေါ်မလာဘူးဆိုတာ ၈၀%လောက်သေချာပါတယ် ကျွန်တော်ကိုယ်တိုင်ကစပေါ့။တကယ်တော့ သူတို့တွေက နေ့စားရတယ်ဆိုပေမဲ့မိသားစုအတွက် လုံလောက်မှုရှိလားဆိုရင် အဖြေက ရှင်းပါတယ် ဘယ်ရှိပါ့မလဲဗျာ.....တံလက်ကိုင် မဟုရင်ပုံမှန်အားဖြင့် ၅၀၀၀ to ၈၀၀၀ကျပ်လောက်ပဲရတာကို (ကြ က်သား တစ်ပိတ်သာ ​တောင် ၆၀၀၀ကျပ်လောက်ရှိတာ)။ သူတို့တွေက တကယ်တော့လေးစားဖို့ကောင်းပါတယ်ဗျာ.... ဒီကိုဗစ်တိုက်ပွဲအတွင်းမှာ​ပေါ့..........အနေအခြေ အရ ကိုဗစ်ရောဂါကြောင့် သေဆုံးပါက ချက်ချင်း မြေမြှုပ်သဂြိုလ်ရတာဖြစ်ပြီး..........ကျွန်တော်တို့ကလေးမြို့မှာဆိုရင် တစ်နေ့ လူအနည်းဆုံး ကိုဗစ်ရောဂါကြောင့် ဆယ်ကျော်သေတယ်ဆိုတာ လက်တွေ့ မြင်နေရတာပါ။ တစ်နေ့ အုတ်ဂူဘယ်​လောက်ပဲ စည်စည် ဝင်ငွကပုံမှန် ၅၀၀၀ to ၈၀၀၀ ကျပ်ရတာပါ ကျွန်တော်လေ့လာသိရှိရသလောက်ပေါ့ဗျာ............ဆိုတော့သူတို့တွေက ပိုပြီး ပင်ပန်းရတာပေါ့ ပိုပြီး ကျန်းမာရေးအရ အန္တရာယ်ရှိတာ​ပေါ့ ပိုပြီးတော့ ရောဂါကူးစက်နိုင်ဖွယ်ရှိတာ​ပေါ့ ပိုးသတ်ဆေးဖြန့်နေပေမဲ့ 100%စိတ်ချလို့မရပါ) ခင်ဗျာတိုလို သူတိုမှာ "PPE,Level - 2, NK95Mask, Cap,လက်အိတ် တပ်ဖို့ ငွေရေးကြေးရေးအရလုံလောက်မှုမရှိပါ(အနေအခြေကလည်း မပေးပါ)။ " ရေးသားဖော်ပြထားရာ စာလေးဖတ်ပြီး စိတ်မကောင်းသလို လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

 Photo Credit : KP Diary Facebook Page 
Source & Photo Credit : KP Diary Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။