သာမန်လူတွေနဲ့မတူ မြွေတစ်ကောင်လို အရေခွံ လဲရလေ့ရှိတဲ့ ကောင်မလေး

//s9.kh1.co/49/49300f71fe431e97c974835eac9a2293fdb8c8bd.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ခုဖော်ပြမယ့် ကောင်မလေးရဲ့ နာမည်ကတော့ Shalini Yadav ဖြစ်ပီး သူမဟာ မွေးကတည်းက ၄၅ရက်ကြာတစ်ခါ အရေခွံလဲရပြီး အသားပေါ်က အရေပြားတွေ ခြောက်သွေ့ပြီး ကွာကျတဲ့ ဝေဒနာကို ခံစားနေရသူပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူမဟာ မြွေတွေဆီက ဆင်းသက်လာသူလို့ လူသိများပါတယ်။

https://s9.kh1.co/__image/w=650,h=780,q=100/5c/5cde6c17519134df8938dc52a3e7b9db69c52c96.webp
https://s9.kh1.co/__image/w=615,h=1093,q=100/a1/a1df6dd4d296fb35521d9f3f12dd828b7ded49ec.jpg

Shalini အပါအဝင် လူရှစ်ယောက်ရှိတဲ့သူမရဲ့မိသားစုဟာ အင်မတန်ဆင်းရဲလွန်းတာကြောင့် Shalini ကို ဘယ်လိုမှ အကူအညီမပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူမရဲ့ မိခင်ဖြစ်သူ Devkunwar ကတော့ မရရအောင်ကြိုးစားပီး ဆရာဝန်တွေအမြောက်အများနဲ့ပြသခဲ့ပေမယ့် သူမရဲ့အရေပြားရောဂါကို ကုသပေးနိုင်တဲ့ဆရာဝန်မတွေ့ရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=615,h=1093,q=100/32/32df393b6c2920ede2771defc109831d5ebfd3aa.jpg
https://s9.kh1.co/__image/w=615,h=1093,q=100/cf/cfbad077b51c6dd0fdb0a6a954d7393daee7e13b.jpg

Shalini ရဲ့ရောဂါဟာ Erythroderma လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး အဲ့ရောဂါကတော့ အရေပြားတွေခြောက်သွေ့မာလာပြီး နောက်ဆုံး အကြေးခွံပုံစံအဖတ်တွေဖြစ်ကာ ကွာကျတတ်တဲ့ ရောဂါပဲဖြစ်ပါတယ်။ Shalini ဟာ သူမရဲ့အရေပြား ခြောက်သွေ့ပြီးကွာကျနေတဲ့ အနေအထားကနေ ခဏတာသက်သာဖို့အတွက် ရေထဲမှာစိမ်နေရတာ ဒါမှမဟုတ် Lotion လိမ်းရတာမျိုးလုပ်ရပါတယ်။ ဒီရောဂါအခြေအနေကြောင့်ပဲ Shalini ဟာ ကျောင်းလဲမတက်နိုင်သလို လူကြားထဲတောင်မသွားရဲရှာပါဘူး။

https://s9.kh1.co/__image/w=615,h=1093,q=100/ed/ed60ea70f18fb97d5a4c6851fe41084ef851ae83.jpg

သတင်း အရင်းအမြစ်Elitereader

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T