ခက်ခဲနေတဲ့ ဒီလိုကာလမှာ စားသောက်ကုန်များကို ကြိုက်တာယူ ငွေကျပ် (၅၀) နှုန်း နဲ့ ဇူလိုင်လ (၂၉) ရက်နေ့မှာ ရောင်းချပေးမယ့် ဆိုင်ရှင်တစ်ဦး

//s9.kh1.co/ac/ac9443a8f7c90ace2e7db44be8ff1843e3a928e0.jpeg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံသူ နိုင်ငံသားတွေကတော့ အရာရာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကိုယ်တတ်နိုင်တဲ့ နေရာတွေမှာတော့ ပြည်သူအချင်းချင်း ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေကြဆဲပါ ။ ငွေအားတတ်နိုင်သူက လိုအပ်တဲ့ အရာတွေ လှူဒါန်းပေးနေကြသလို လုပ်အား တတ်နိုင်သူတွေကလည်း စေတနာမေတ္တာအပြည့်နဲ့ ကိုယ်ကျိုးစွန့်ကာ ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေကြတာကို တွေ့ရပါတယ် ။

Photo Credit : Flannel Box Facebook Page
Photo Credit : Flannel Box Facebook Page

ခုနောက်ပိုင်းမှာဆိုရင် ကြက်ဥ ၊ ဆန် ၊ ကြက်သွန် စတဲ့ စားသောက်ကုန်တွေကို ငွေသား အနည်းငယ်နဲ့ ဝယ်ယူနိုင်တာတွေ လှူဒါန်းပေးနေတာတွေကို ရန်ကုန်မြို့မှာ တော်တော်များများ ပြုလုပ်ပေးလာကြတာတွေ့ရပါတယ် ။ လာရောက်ဝယ်ယူကြတဲ့သူတွေလည်း များကြလို့ ကိုဗစ်စည်းကမ်းတွေနဲ့ အညီ လှူဒါန်းရောင်းချပေးနေကြပါတယ်။ မနက်ဖန် ဇူလိုင်လ (၂၉) ရက်နေ့မှာလည်း ဆိုင်ရှင်တစ်ဦးက ကြက်ဥ တစ်ကဒ် ၊ ဆန်တစ်ပြည် ၊ ခေါက်ဆွဲ ငါးထုပ် နဲ့ ကြက်သွန် တစ်ပိဿာ စတာတွေထဲက တစ်ခုကို ကြိုက်တာယူ ငွေကျပ် ငါးဆယ် နှုန်းနဲ့ ရောင်းချပေးမယ့် အကြောင်းဖော်ပြလာပါတယ် ။

Photo Credit : Flannel Box Facebook Page
Photo Credit : Flannel Box Facebook Page

ခုလို ရောင်းချတာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး လူ အယောက် ( ၄၀၀ )စာကို ရောင်းပေးသွားမယ်လို့ သိရပါတယ် ။ ရောဂါကူးစက်မှု မရှိရအောင် တစ်ယောက်နဲ့ တစ်ယောက် ၆ ပေအကွာ တန်းစီရမယ်လို့လည်း ဖော်ပြထားပါတယ် ။ ရောင်းချပေးမယ့် အချိန်က ညနေ (၄) နာရီဖြစ်ပြီး လိပ်စာကတော့ Only Flannel Box မြေနီကုန်း No-290,မြေညီထပ်, ပြည်လမ်း, မြေနီကုန်းတံတာ အဆင်း ( တံတားအောက်ကလာရင် ပိုအဆင်ပြေပါတယ် ), မဟာမြိုင်မှတ်တိုင် အနီး " လို့ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း အားလုံး အဆင်ပြေကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Source & Photo Credit : Flannel Box Facebook Page 
Source & Photo Credit : Flannel Box Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T