လူသားတွေကို ထူးဆန်းစွာ ပြုံးပြီးသေစေနိုင်တဲ့ အဆိပ်ပင်တစ်မျိုး အကြောင်း

//s9.kh1.co/83/83b192130e0060dbdef6d703eb50b275d32c7a30.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လူသားတွေနေထိုင်ရာ ကမ္ဘာပေါ်မှာဆိုရင် ထူးဆန်းတာတွေအမျိုးမျိုးရှိပါတယ်။ တချို့အရာတွေဆိုရင် လူသားတွေ မသိနိုင်လောက်အောင် ရှုပ်ထွေးပါတယ်။ တချို့အရာတွေဟာဆိုရင်လည်း လှပပေမယ့် လူသားတွေကို အသက် အန္တရာယ်ဖြစ်စေလောက်တဲ့ထိ ကြောက်ဖို့ကောင်းပြီး အထင်နဲ့အမြင်တွေ လွဲတက်ပါတယ်။ ခုဆိုရင်လဲ Hemlock Water Dropwort ဆိုတဲ့အပင်ဟာ ကြည့်တော့တာ ရိုးရိုးပန်းလို့ ထင်ရပေမယ့် ထူးဆန်းပါတယ်။

https://s9.kh1.co/__image/w=600,h=458,q=100/81/811092f78e6f11d6b1ffac3ca5b55e46f05a32de.jpg
https://s9.kh1.co/__image/w=600,h=400,q=100/38/3839fb81e7ef31c8e8b18ed4a455ce2e10b1ddb6.jpg

Hemlock Water Dropwort ဆိုတဲ့အပင်လေးဟာ ဘယ်လိုထူးဆန်းလည်းဆိုတော့ သူ့မှာ အဆိပ်တစ်မျိုးရှိပါတယ်။ အဲ့အဆိပ်ကို မိပြီးသေတဲ့သူဟာ ပြုံးပြီးသေတက်တာကို ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့အပင်ကြောင့် လူအတော်အများ သေဆုံးခဲ့ကြဖူးပါတယ်။ တော်တော်ကိုထူးဆန်းပြီး သေသွားတဲ့ချိန်မှာ အဲ့သူဟာ ပြုံးနေတယ်ဆိုတော့ ကြွက်သားထိန်းချုပ်မှုနဲ့ ဆိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/1d/1d09c1c59e753da91693df108462f8a8b58f872d.jpg
https://s9.kh1.co/__image/w=600,h=602,q=100/80/8048ccee21f5d6c0bd39a3c6820e2a01d33d5a0a.jpg

အဲ့လိုအပင်ကြောင်းတွေလည်း ရုပ်ရှင်ကားတွေထဲမာ ပရိသတ်ကြီး တွေ့ဖူးမယ်လို့ထင်ပါတယ်။ Joker ဆိုတဲ့ ကမ္ဘာကျော်ဗီလိန်ဟာလည်း အဲ့အပင်ရဲ့အဆိပ်တွေသုံးပြီး သုံးလို့ သူသတ်တဲ့သူတွေက ပြုံးပြီးသေနေတယ်ဆိုတာ တွေ့ရှိရမှာပါ။ အဲ့ဒီအပင်ကို စားမိတဲ့သူဟာ ၃နာရီအတွင်းမှာ ဂရောင်ခြောက်ခြား စကားတွေပြောကာ သေဆုံးတက်ပါတယ်။ ဖော်ပြထားတဲ့ပုံတွေမှာလည်း အဲ့ဒီအပင်‌ေကြာင့် သေခဲ့တဲ့သူတွေပါတာမို့ ပုံစံတူ အပင်တွေ့ခဲ့ရင် ခပ်ဝေးဝေးကနေဖို့ ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/cc/cc80582f8913960a8b4e5386c9df7bb7c57432ad.jpg

သတင်း အရင်းအမြစ်Did you know

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T