အလောင်းတွေကို စောင်လေးတွေပတ်ပြီး သင်္ဂြိုလ်နေကြတာ မကြည့်ရက်တော့လို့ အလောင်းတင် စင်လေးရိုက်ပြီး လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ သံဃာတော်များ

//s9.kh1.co/77/77738ef529bdd07ae0c461d9d46d3d88baca3e10.jpg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ ပြည်သူတွေကတော့ အာဏာရှင် ဖိနှိပ်မှုဒဏ်တွေကို ခံစားနေရတဲ့ ကြားကနေ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်ရောဂါကိုလည်း ဒုက္ခမျိုးစုံဖြင့် အလူးအလဲခံစားနေရတာ ဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ မတရားဖမ်းဆီး ချုပ်နှောင်းမှုတွေကြောင့် လက်ရှိမှာ ကျန်းမာရေးဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ နဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မတည်လှူဒါန်းပေးမယ့် အလှူရှင်တွေဟာ အရင်လိုမရှိတဲ့အတွက် ပြည်သူတွေ အခက်ကြုံတွေ့နေရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီလို ပြည်သူတွေ ဒုက္ခကြုံတွေ့ နေရတာတွေကို မကြည့်ရက်တဲ့ ဘုရားသားတော် ရဟန်း၊ သံဃာတော်တွေက ကူညီလုပ်ကိုင်လာကြတာ တွေ့ရပါတယ်။ တချို့ ရဟန်း၊ သံဃာတော်တွေဆိုရင် ပရဟိတအသင်းတွေမှာ ဝင်ရောက်ပြီး ကိုဗစ်ရောဂါဖြစ် သေဆုံးတဲ့ ရုပ်အလောင်းများအား သုဿန်သင်္ချိုင်းတွေသို့ ပို့ဆောင်ပေးနေတဲ့အပြင် ဗုဒ္ဓဘာသာအယူအရ သေသူကို သက်ပျောက်ကုသိုလ်တွေပါ လုပ်ပေးကြတာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် တချို့မှာ ပြည်သူတွေ ကပ်ရောဂါကြီး ကင်းဝေးအောင်လို့ ပရိတ်တရား ရွတ်ဖတ်ပူဇော်ပေးကြတာလည်း ရှိပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာလည်း မှော်ဘီ "ဓမ္မပီတိ" သံဃာတော်များရဲ့ လေးစား ကြည်ညိုဖို့ကောင်းတဲ့ လုပ်ရက်လေးတစ်ခုကို ကြားသိခဲ့ရပါတယ်။ ဒါကတော့ နေ့စဥ်အမျှ ကိုဗစ်ရောဂါဖြစ် သေဆုံးနေကြတဲ့ ရုပ်အလောင်းတွေကို စောင်လေးတွေပတ်ပြီး ချနေတာ မကြည့်ရက်တော့လို့ အလောင်းတင် စင်လေးတွေရိုက်ပြီး လှူဒါန်းဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ ဘုရားသားတော်တွေ ဖြစ်ပေမယ့်လည်း ဒုက္ခရောက်နေကြတဲ့ ဒကာဒကာမ၊ပြည်သူတွေကို မကြည့်ရက်လို့ အပင်ပန်းခံပြီး အလောင်းတင်စင်လေးတွေ ပြုလုပ်နေတဲ့ ဒီမြင်ကွင်းတွေကတော့ တကယ့်ကို လေးစားကြည်ညိုမိပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T