ဒုက္ခတွေတစ်မျိုးပြီးတစ်မျိုး ရင်ဆိုင်နေရရှာတဲ့ မြန်မာပြည်သူတွေအတွက် Hsi Lai Templeမှာ သွားရောက်ဆုတောင်းပေးနေတဲ့ ဇူးဇူးမောင်တို့မိသားစု

//s9.kh1.co/fb/fba4b74f640936394d66cf55f0477b8556201c6c.jpg
အနုပညာရှင်များ

 ၂၈-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဒုက္ခတွေတစ်မျိုးပြီးတစ်မျိုး ရင်ဆိုင်နေရရှာတဲ့ မြန်မာပြည်သူတွေအတွက် Hsi Lai Templeမှာ သွားရောက်ဆုတောင်းပေးနေတဲ့ ဇူးဇူးမောင်တို့မိသားစု

မြန်မာပြည်သူတွေကတော့ အဆိုးတကာအဆိုးဆုံးအခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့​ဆိုရမှာဖြစ်ပြီး အာဏာသိမ်းမှုကြောင့် အစစအရာရာခက်ခဲနေချိန် ကိုဗစ်ရောဂါတွေပြန်ဖြစ်လာသလို ယခုမှာလည်း ရေဘေးကိုပါ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြည်ပရောက်​မြန်မာတွေကလည်း မြန်မာပြည်သူတွေအတွက် တတ်နိုင်သလောက်လှူဒါန်းပေးမှုတွေ၊ဆုတောင်းမှုတွေကို ပြုလုပ်နေကြပါတယ်။ ယခုမှာတော့ သရုပ်ဆောင်ဇူးဇူးမောင်တစ်ယောက်ဟာလည်း Hsi Lai Temple ဆီသွားပြီး မြန်မာပြည်သူပြည်သားအားလုံး လက်ရှိအခြေအနေဆိုးကြီးကနေ လွတ်မြောက်စေဖို့ ဆုတောင်းပေးနေခဲ့ပါတယ်။

Photo  Credit: acc channel by alison chloe & cho 's facebook page 

သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတွေနဲ့အတူသွားရောက်ပြီး ဒုက္ခတွေအမျိုးမျိုးကို ရင်ဆိုင်ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးနေခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ သွားရောက်ဆုတောင်းပေးနေတဲ့ မိသားစုပုံရိပ်လေးတွေကိုချပြရင်း လိမ်လည်ခံလိုက်ရတဲ့အကြောင်းကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။ဇူးဇူးမောင်ကတော့ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် အဝေးကနေ စေတနာနဲ့ ကူညီပေးလိုက်ပေမယ့် လိမ်လည်တာခံလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

Photo  Credit: acc channel by alison chloe & cho 's facebook page 
Photo Credit: acc channel by alison chloe & cho 's facebook page 
Photo  Credit: acc channel by alison chloe & cho 's facebook page 
Photo Credit: acc channel by alison chloe & cho 's facebook page 
Photo  Credit: acc channel by alison chloe & cho 's facebook page 
Photo Credit: acc channel by alison chloe & cho 's facebook page 

သူမကတော့ " ချိုတို့မိသားစု Hsi Lai Temple သွားပြီး ပြည်သူပြည်သားအားလုံး ဒီလိုအခြေနေဆိုးမှ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့ချိုတို့မိသားစု မှ ဆုတောင်းခဲ့ပါတယ်ရှင် အသိမိတ်ဆွေတွေအများကြီးဆုံးရှုံးလိုက်ရတဲ့အတွက် မိသားစုတွေနဲ့ထပ်တူထပ်မျှဝမ်းနည်းမိပါတယ် ချိုတတ်နိုင်တဲ့ ဘက်မှလည်းအစွမ်းကုန်ထောက်ပံ့ကူညီပေးသွားမှာမို့ အားလုံးအားတင်းထားကြမယ်နော်.. အကူအညီလိုအပ်နေတဲ့သူတွေကို စေတနာနဲ့ ကူညီပေးတာကို လိမ်လည်မှုနဲ့လည်း ကိုယ်တိုင်ကြုံလိုက်ရလို့ ဒီလိုအချိန်မှာ လုပ်ရက်လေခြင်းလို့ တွေးမိတယ်အားလုံး ငြိမ်းချမ်းသွားတဲ့ တစ်နေ့တော့ ချစ်တဲ့သူတွေနဲ့ပြန်ဆုံချင်ပါသေးတယ် " ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။မြန်မာပြည်သူတွေအတွက် Hsi Lai Templeမှာ သွားရောက်ဆုတောင်းပေးနေတဲ့ ဇူးဇူးမောင်တို့မိသားစုရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : acc channel by alison chloe & cho 's facebook page 

Photo  Credit: acc channel by alison chloe & cho 's facebook page 
Photo Credit: acc channel by alison chloe & cho 's facebook page 
Photo  Credit: acc channel by alison chloe & cho 's facebook page 
Photo  Credit: acc channel by alison chloe & cho 's facebook page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T