ပြည်သူတွေ အရမ်းလိုအပ်နေတဲ့ အောက်ဆီဂျင်အိုးများ ဝယ်ယူရန်အတွက် သိန်း(၄၀၀) ကျော် ရက်ရက်ရောရော လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်

//s9.kh1.co/18/18ba6299ec0e4a4fc69353d4c46a8bae82855362.jpeg
အနုပညာရှင်များ

 ၂၈-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကပ်ရောဂါဆိုးကြီး ကူးစက်ခံရမှုများကြောင့် အောက်ဆီဂျင်လိုအပ်မှုတွေ အရမ်းကို များပြားနေပြီး ဒီအခြေအနေကို ထိန်းချုပ်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ အလှူရှင်များကလည်း အောက်ဆီဂျင်စက်ရုံတွေ အမြန်ဆုံးဆောက်လုပ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပေးနေကြတာလည်း ဖြစ်ပါတယ်။ အနုပညာရှင်များကလည်း ဒီအခြေအနေဆိုးကြီးကနေ ကင်းလွတ်အောင် တတ်နိုင်သလောက် လှူဒါန်းပေးနေကြတာကိုလည်း အားရဖွယ် မြင်တွေ့ရပါတယ်။

Photo Crd-Smile’s Facebook Page 
Photo Crd-Smile’s Facebook Page 
Photo Crd-Smile’s Facebook Page 
Photo Crd-Smile’s Facebook Page 

သရုပ်ဆောင် စမိုင်းလ်ကလည်း ဒီအလှူတွေထဲ တတ်နိုင်သလောက် လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့အောက်ဆီဂျင်ဝယ်ယူရန်အတွက် ငွေကျပ် သိန်း(၄၀၀) နဲ့ အောက်ဆီဂျင် စက်ရုံဆောက်လုပ်ရန် ငွေသိန်း(၁၀၀) မတည်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့  ပြည်သူတွေလိုအပ်တဲ့အရာမှန်သမျှ တတ်နိုင်သလောက်လှူဒါန်းပေးနေသူတစ်ဦးဖြစ်ပြီး အခုမှာလည်း မွန်မြတ်လွန်းတဲ့အလှူလေးတစ်ခု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Smile’s Facebook Page 
Photo Crd-Smile’s Facebook Page 
Photo Crd-Smile’s Facebook Page 
Photo Crd-Smile’s Facebook Page 

သူမကလည်း" အခုချိန်မှာအလိုအပ်ဆုံးဖြစ်နေတဲ့အောက်စီဂျင်ဝယ်ရန် အလှူငွေ သိန်း (၄၀၀)နှင့် အောက်စီဂျင်စက်ရုံဆောက်လုပ်ရန်အတွက် အလှူငွေ သိန်း (၁၀၀ )ပါဝင်ကုသိုလ်ပြုလှူဒါန်းထားပါတယ်။ဤသို့လှူဒါန်းရသောကြောင့်ကပ်ရောဂါဆိုးကြီးဘေးမှအမြန်ဆုံးကင်းဝေးကြပါစေ???? ဆက်လက်ပြီးတတ်နိုင်သမျှကြိုးစားပြီးလှူဒါန်းသွားပါမယ်ရှင်။ " ဆိုပြီး ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။  ပရိသတ်များကလည်း လိုအပ်နေတဲ့အချိန်မှာ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီတဲ့ စိတ်နဲ့ လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်ကို ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ်။ စမိုင်းလ်တစ်ယောက်လည်း ဒီ့ထက်မက လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Smile’s Facebook Page 

Photo Crd-Smile’s Facebook Page 
Photo Crd-Smile’s Facebook Page 
Photo Crd-Smile’s Facebook Page 
Photo Crd-Smile’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T