နေ့စဥ် သင်္ဂြိုလ်ရတာများလွန်းလို့ မီးသင်္ဂြိုလ်စက် ပျက်စီးသွားတာကြောင့် မြေကျင်းတူးပြီး ခက်ခက်ခဲခဲ သင်္ဂြိုလ်နေရတဲ့ ဓနုဖြူမြို့က ရင်နင့်စရာအဖြစ်

//s9.kh1.co/35/352acb556377eb07684c2a182bf3a0f0cc2be736.jpg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.


လက်ရှိ မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေးစတဲ့
မြို့ကြီးတွေအပါအဝင် အခြားမြို့နယ်တွေမှာ ဗီဇပြောင်း ကိုဗစ်ရောဂါကို ဆိုးရွားစွာ ခံစားနေရရှာပါတယ်။ သေဆုံးသူ အရေအတွက်ကလည်း တစ်နေ့တခြား စံချိန်တင်လောက်အောင် မြင့်တက်လာခဲ့တာ တွေ့နေရပါတယ်။ လက်ရှိ  ပြည်သူတွေကြုံတွေနေရတာကတော့ ဆေးရုံကြီးတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေ လုံလုံလောက်လောက် မပေးနိုင်တဲ့အပြင် အရင်လို ကိုဗစ်စင်တာတွေမရှိတာကြောင့် နေအိမ်တွေမှာပဲ အတတ်နိုင်ဆုံး ကုသနေကြရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီလိုကုသနေရင်းပဲ နေအိမ်တွေမှာ ချစ်ရတဲ့သူတွေ စွန့်လွှတ်ခဲ့ရတာ အများအပြားရှိလာခဲ့ပါတယ်။  ဒါ့အပြင် နေ့စဉ်နဲ့အမျှ သေဆုံးသူတွေ များပြားလွန်းတဲ့အတွက် အလောင်းသယ်ယူဖို့ လူနာတင်ကား ၊ နိဗ္ဗာန်ယာဉ်ကားတွေ မလုံလောက်တော့တဲ့အပြင် တချို့မြို့နယ်တွေက သုဿန်သင်္ချိုင်းတွေမှာတောင် မီးသင်္ဂြိုလ်ဖို့ ခက်ခဲလာလို့တာကြောင့် မြေတူးမြှုပ်နေရတာတွေကို တွေ့မြင်ရပါတယ်။ ယခုမှာလည်း ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ စိတ်မကောင်း သတင်းတစ်ခုကို ထပ်မံကြားသိခဲ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါကတော့ ဓနုဖြူမြို့နယ်က သုဿန်သင်္ချိုင်းတစ်ခုမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးတဲ့ ရုပ်အလောင်းတွေကို နေ့စဥ်သင်္ဂြိုလ်ရတာ များလွန်းတဲ့အတွက်  မီးသင်္ဂြိုလ်စက် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ မီးသင်္ဂြိုလ်စက် ပျက်စီးသွားတာကြောင့် နေ့စဥ်လုပ်ကိုင်ပေးနေတဲ့ ပရဟိတသမားတွေက နောက်ပိုင်းသေဆုံးလာခဲ့တဲ့ ရုပ်အလောင်းတွေကို မြေကျင်းတူးပြီး ခက်ခက်ခဲခဲ မြေမြှုပ်သင်္ဂြိုလ်ပေးနေတာ ဖြစ်ပါတယ်။ ဒီလိုမြင်ကွင်းတွေကတော့ မြင်တွေ့ကြားသိရတဲ့ ပြည်သူတွေအတွက် ရင်နင့်ကြေကွဲဖြစ်မိမှာ အသေအချာပါ။ မြေကျင်းတူးပြီး ခက်ခက်ခဲခဲ မြေမြှုပ်သင်္ဂြိုလ်ပေးနေတဲ့ ပရဟိတသမားတွေကို ဂုဏ်ပြုရင်း စိတ်မကောင်းစရာ ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload



Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T