ရုတ်တရက်ကြီး အသက်ရှူကြပ်လာလို့ အောက်ဆီဂျင်ရှူနေရတဲ့ စိန်သီးရဲ့အခြေအနေကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရတဲ့ ဟာသသရုပ်ဆောင်ဖိုးသဲ

//s9.kh1.co/33/33ac70447357aad08d976449ca2e85d2939c9e82.jpeg
အနုပညာရှင်များ

 ၂၈-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရုတ်တရက်ကြီး အသက်ရှူကြပ်လာလို့ အောက်ဆီဂျင်ရှူနေရတဲ့ စိန်သီးရဲ့အခြေအနေကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရတဲ့ ဟာသသရုပ်ဆောင်ဖိုးသဲ

လက်ရှိမိုးတွင်းကာလမှာတော့ ပြည်သူတွေက ရာသီတုပ်ကွေးကြောင့်လည်း ဖျားနာနေကြသလို ကိုဗစ်ကူးစက်ခံရလို့လည်း ဆေးကုသမှုတွေခံယူနေရတာပဲဖြစ်ပါတယ်။အနုပညာရှင်တွေထဲမှာလည်း ကိုဗစ်ကူးစက်ခံရသူတွေရှိနေတာကြောင့် သူတို့အနေနဲ့လည်း ကိုယ်တိုင်ကျင့်သုံးနေတဲ့ ဆောင်ရန်၊ရှောင်ရန်လေးတွေကို မျှဝေပေးနေတာဖြစ်ပါတယ်။ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုစိန်သီးကလည်း လက်ရှိမှာ အသက်ရှုကြပ်လို့ အောက်ဆီဂျင်ရှူနေရတဲ့အခြေအနေဖြစ်ပါတယ်။

Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc

ကိုစိန်သီးက လွန်ခဲ့တဲ့ (၂)ရက်ကမှ ပြည်သူတွေဆီကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေပြုလုပ်နေတာကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့မြင်ရပါတယ်။အခုလိုမျိုး ရုတ်တရက်အသက်ရှူကြပ်သွားတဲ့ ကိုစိန်သီးအတွက် ပြည်သူတွေကလည်း အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ကိုစိန်သီးနဲ့ညီအစ်ကိုလိုခင်မင်ရင်းနှီးတဲ့ ဟာသသရုပ်ဆောင်ကိုဖိုးသဲကလည်း ဒီအခြေအနေကိုကြားသိရတော့ အရမ်းစိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။

Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc

ကိုဖိုးသဲက သူခက်ခဲနေချိန်မှာ အကူအညီတွေပေးခဲ့တဲ့ ကိုစိန်သီးကို ပြန်ပြီးမကူညီနိုင်လို့ ဝမ်းနည်းနေတာဖြစ်ပါတယ်။ကိုစိန်သီးကတော့ အလှူအတန်းတွေအများကြီးလုပ်ဆောင်ခဲ့ပြီး အခုချိန်မှာ ကျန်းမာရေးအခြေအနေကြောင့် အလှူတွေလည်းဆက်မလုပ်နိုင်တာဖြစ်ပါတယ်။ဒါ့ကြောင့် ဟာသသရုပ်ဆောင်ကိုစိန်သီးလည်း အမြန်ဆုံးသက်သာပျောက်ကင်းပြီး အလှူအတန်းတွေပြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Phoe Thae’s Fb acc
Photo Credit:Phoe Thae’s Fb acc
Photo Credit:Phoe Thae’s Fb acc
Photo Credit:Phoe Thae’s Fb acc

Source:Phoe Thae’s Fb Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T