သူ့လက်ပေါ်မှာပဲ ကျဆုံးသွားတဲ့ ညီဖြစ်သူရဲ့ရုပ်အလောင်းကို ပွေ့ချီပြီး ပြန်သယ်လာခဲ့ရပုံကို ဝမ်းနည်းကြေကွဲစွာနဲ့ ပြောပြလာတဲ့ CDFရဲဘော်တစ်ဦး

//s9.kh1.co/ba/bae78d321159f56a6283b44992e26d15d338ab71.jpg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူ့လက်ပေါ်မှာပဲ ကျဆုံးသွားတဲ့ ညီဖြစ်သူရဲ့ရုပ်အလောင်းကို ပွေ့ချီပြီး ပြန်သယ်လာခဲ့ရပုံကို ဝမ်းနည်းကြေကွဲစွာနဲ့ ပြောပြလာတဲ့ CDFရဲဘော်တစ်ဦး

ချင်းပြည်နယ်၊မင်းတပ်မှာ အပစ်အခတ်ရပ်စဲထားတဲ့ နှစ်ဖက်သဘောတူညီချက်ပျက်ပြယ်သွားပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေကာ နှစ်ဖက်ကျဆုံးမှုတွေလည်းရှိနေကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ချင်းပြည်နယ်၊မင်းတပ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲကြောင့် မာန်းလို့အများကခေါ်ကြတဲ့ CDFလူငယ်လေးတစ်ယောက် အသက်သေဆုံးခဲ့ပါတယ်။ အဆိုပါCDFလူငယ်လေးဟာ မျက်နှာနဲ့လက်တစ်ဖက်မှာ ဒဏ်ရာတွေရရှိခဲ့ပြီး ကျဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အသက်ငယ်ပေမယ့် တိုင်းပြည်အတွက် ရဲရဲရင့်ရင့်နဲ့အသက်စွန့်ရင်း ကျဆုံးသွားတဲ့ အဆိုပါCDFလူငယ်လေးအတွက် ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြပြီး ဝမ်းနည်းနေကြပါတယ်။ ယခုမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)ရဲဘော်တစ်ဦးဟာ တိုက်ပွဲကျပြီး သူ့လက်ကလေးပေါ်မှာပဲ အသက်သေဆုံးသွားတဲ့ညီလေးမာန်းရဲ့အကြောင်းကို ပြောပြရင်း ဝမ်းနည်းကြေကွဲနေခဲ့ပါတယ်။ ငယ်ငယ်က ပွေ့ချီခဲ့ရတဲ့အတိုင်း ကျဆုံးသွားတဲ့ ညီလေးမာန်းရဲ့ရုပ်အလောင်းကိုပွေ့ချီပြီး ပြန်သယ်လာခဲ့ရတာကြောင့် ကြက်သေသေပြီး မျက်ရည်တွေမကျတော့ကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ကျဆုံးသွားတဲ့ CDFလူငယ်လေးရဲ့အစ်ကိုဖြစ်သူကတော့ " ငါသိပ်ချစ်ရတဲ့ငါ့ညီလေး(မာန်)ရေ မင်းငယ်ငယ်တုန်းက မင်းကိုငါပွေ့ချီခဲ့ရသလိုပဲ မင်းကျသွားတော့လည်း ငါကိုယ်တိုင်ပဲအပြေးလာပြီး မင်းရုပ်အလောင်းကိုပွေ့ချီပြီးပြန်သယ်ခဲ့ရတယ် မင်းမျက်နှာကိုကြည့်ပြီး ငါငို​တောင်မငိုတတ်တော့ဘူး ငါကြက်သေသေနေခဲ့တယ် ငါသိပ်ချစ်ရတဲ့ညီလေးမာန်းရေ ကိုနိုင်းရင်ဘတ်ကြီးလည်းပေါက်ကွဲလုမတတ်ခံစားရတယ် ဘယ်လိုမှကိုမခံစားနိုင်ဘူး ကိုနိုင်းကိုတကယ်ကြီးထားရစ်ခဲ့ပြီလား ဒီဘဝမှာညီအကိုတော်စပ်မှုက ဒီလောက်ပဲလားကွာ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ဖော်ပြပါCDFလူငယ်လေးအပါအဝင် ကျဆုံးသွားတဲ့သူရဲကောင်းတွေအားလုံး ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T