အာဏာရှင်လူတစ်စုမှ သပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့တာကြောင့် ဦးခေါင်းကျည်ထိမှန်ပြီး ပွဲချင်းပြီးကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတစ်ဦး

//s9.kh1.co/16/16580cf8013a83515bb1a23e9325d224a63fe941.jpeg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

အာဏာရှင်လူတစ်စုကို ဖြုတ်ချရေးအတွက် နေ့စဉ်လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေတဲ့ မြတောင်သပိတ်စစ်ကြောင်းကိုအာဏာရလက်နက်ကိုင်အဖွဲ့အစည်းမှ ဇူလိုင်လ (၂၇) ရက်တွင် ဖြိုခွင်းခဲ့ပြီး (၃) ဦး ကျည်ဆံ ထိမှန်ခဲ့ပါတယ်။ ဒီထဲတွင် ပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကတော့ ဦးခေါင်းကျည်ဆံထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မြတောင်သပိတ်စစ်ကြောင်းဟာ မနေ့က နေ့လည် (၁၂:၃၀) တွင် မဟာမြတ်မုနိဘုရားကြီး အရှေ့ဘက်မုဒ်အနီးတွင် ရောက်ရှိနေစဉ် အာဏာရလက်နက်ကိုင်အဖွဲ့အစည်းမှ ဆန္ဒပြလူအုပ်ထဲသို့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသားတစ်ဦး  ကျည်ဆံထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ပွဲချင်းပြီး ကျဆုံးသွားတဲ့ အမျိုးသမီးဟာ အာဏာရှင်ဖြုတ်ကျရေးသပိတ်စစ်ကြောင်းများတွင် တက်ကြွစွာဖြင့်နေ့စဉ်ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သေဆုံးသွားတာအတည်ပြုပြီးပြီဖြစ်သော်လည်း သူမရဲ့ ရုပ်ကလာပ်ကိုတော့အာဏာရလက်နက်ကိုင်အဖွဲ့မှ ကျန်ရစ်သူ မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိသေးပါဘူး။  ဖြိုခွင်းခဲ့တဲ့ နေရာတွင် ကျန်ရှိခဲ့တဲ့ သွေးကွက်များကိုတော့ အာဏာရှင်လူတစ်စုမှ သဲများဖြင့် လိုက်လံဖုံးအုပ်ထားကြောင်း ကနဦးသတင်းတွေအရ သိရှိခဲ့ရပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ကျဆုံးသွားတဲ့ အမျိုးသမီးရဲ့ လူမှုကွန်ယက်တွင် နောက်ဆုံးတင်ခဲ့တဲ့ " တကယ်ပါသုံးစရာလဲမရှိတော့ဘူးစားစရာလဲမရှိတော့ဘူးဘဝတွေရင်နာစရာကောင်းလိုက်တာ " ဆိုတဲ့ စာသားလေးကို ကြည့်ပြီး ပြည်သူများမှ ဝမ်းနည်းစိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်တွေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ပြည်သူတစ်ဦးမှလည်း " ကြားရတဲ့သတင်းတွေကတော်တော်ဆိုးတယ် စိတ်မကောင်းဘူးသပိတ်ခေါင်းဆောင်များ လမ်းကြောင်းရွေးရင်အရဲမကိုးကျပါနဲ့ ဘယ်နေရာမှာပြပြ သူတို့တွေနဲ့ထိတ်တိုက်တွေ့မယ့် နေရာတွေ အရဲကိုးပြီး မရွေးကြပါနဲ့အသက်တွေကအလကားရထားတာမဟုတ်ပါဘူး အမှားသေးသေးလေးတစ်ခုက အခုအသက်တွေပေးလိုက်ရပြီ ?? " ဆိုပြီး ဝမ်းနည်းစွာဖြင့် ရေးသားထားပါတယ်။ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအားလုံး ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T