ဖခင်ကွယ်လွန်သွားလို့ ရင်ကွဲနေရချိန်မှာ မိခင်ဖြစ်သူကပါ ထပ်မံသေဆုံးသွားလို့ ဝမ်းနည်းပူဆွေးပြီး အရမ်းခံစားနေရတဲ့ အဆိုတော်ဗီဗာဟိန်း

//s9.kh1.co/37/3713e3a16cde23e242607949df512b673287b05d.jpeg
အနုပညာရှင်များ

 ၂၈-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဖခင်ကွယ်လွန်သွားလို့ ရင်ကွဲနေရချိန်မှာ မိခင်ဖြစ်သူကပါ ထပ်မံသေဆုံးသွားလို့ ဝမ်းနည်းပူဆွေးပြီး အရမ်းခံစားနေရတဲ့ အဆိုတော်ဗီဗာဟိန်း

ကိုဗစ်ကူးစက်ရောဂါကြောင့်သေဆုံးနေရသူတွေက တစ်နေ့ကို ရာချီရှိနေပြီး အမြို့မြို့၊အနယ်နယ်က မီးသင်္ဂြိုလ်စက်တွေမှာလည်း အလောင်းတွေစုပုံလို့နေပါတယ်။ပြည်သူတွေကတော့ ဒီရောဂါဆိုးကြီးကို ကြိုတင်ကာကွယ်မှုတွေနဲ့ တိုက်ထုတ်နေရတာဖြစ်ပြီး အပြန်အလှန်ဖေးမကူညီမှုတွေလည်း ဆောင်ရွက်နေကြတာဖြစ်ပါတယ်။အနုပညာရှင်တွေထဲမှာလည်း ကိုဗစ်ကြောင့်သေဆုံးနေရသူတွေရှိလို့ သူတို့ရဲ့ပရိသတ်တွေက မိသားစုနဲ့ထပ်တူဝမ်းနည်းနာကျင်နေကြတာပဲဖြစ်ပါတယ်။

Photo Credit:ဗီဗာဟိန်း Fb Acc
Photo Credit:ဗီဗာဟိန်း Fb Acc
Photo Credit:ဗီဗာဟိန်း Fb Acc
Photo Credit:ဗီဗာဟိန်း Fb Acc

အဆိုတော်ဗီဗာဟိန်းတို့ တစ်မိသားစုလုံးလည်း ကိုဗစ်ကူးစက်ခံထားရတာဖြစ်ပြီး သူမရဲ့ အဖေနဲ့အမေကိုတော့ဆေးရုံတင်ထားခဲ့ရတာဖြစ်ပါတယ်။စိတ်မကောင်းစွာနဲ့ပဲ ဗီဗာဟိန်းရဲ့ဖခင်ကတော့ ဇူလိုင်လ (၂၅)ရက်နေ့ မနက်(၃)နာရီအချိန်တွင် ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ဗီဗာဟိန်းကတော့ သူမရဲ့ဖခင်ကွယ်လွန်သွားလို့ ရင်တွေကွဲပြီး အရမ်းဝမ်းနည်းခံစားနေရတာဖြစ်ပါတယ်။အခုဆိုရင် သူမရဲ့မိခင်ဖြစ်သူကလည်း ဖခင်နဲ့ (၂)ရက်ပဲခြားပြီးဇူလိုင်လ (၂၇)ရက်နေ့ ညမှာ ထပ်မံကွယ်လွန်သွားခဲ့ပါတယ်။

Photo Credit:ဗီဗာဟိန်း Fb Acc
Photo Credit:ဗီဗာဟိန်း Fb Acc
Photo Credit:Kyaw Kyaw Nanda’s Fb acc
Photo Credit:Kyaw Kyaw Nanda’s Fb acc
Photo Credit:ဗီဗာဟိန်း Fb Acc
Photo Credit:ဗီဗာဟိန်း Fb Acc

ဗီဗာဟိန်းကတော့ ဖခင်ဆုံးတာ ဘယ်လောက်မှမကြာသေးဘဲ မိခင်ကိုပါ ဆုံးရှုံးလိုက်ရလို့ အရမ်းခံစားနေရမှာပဲဖြစ်ပါတယ်။သူမရဲ့မိဘနှစ်ပါးလုံးက ဆေးရုံမှာကုသမှုခံယူနေရင်းနဲ့ပဲ ကွယ်လွန်သွားခဲ့ကြတာဖြစ်ပါတယ်။ကိုဗစ်ရောဂါဆိုးကြီးကတော့ မိသားစုတွေကို သေကွဲခွဲနေပြီး နေ့တိုင်း စိတ်မကောင်းစရာသတင်းတွေကိုသာ ကြားသိနေရတာဖြစ်ပါတယ်။ဖခင်ရော မိခင်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ ဗီဗာဟိန်းရဲ့ ဝမ်းနည်းပူဆွေးမှုကို ကိုယ်ချင်းစာရင်း စိတ်မကောင်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:ဗီဗာဟိန်း Fb Acc
Photo Credit:ဗီဗာဟိန်း Fb Acc
Photo Credit:Kyaw Kyaw Nanda’s Fb acc
Photo Credit:Kyaw Kyaw Nanda’s Fb acc

Source&Photo Credit:ဗီဗာဟိန်း Fb Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T