လုပ်ငန်းသုံး CO2 အိုးတွေကို ဆေးသုတ်ပြီး O2အိုးတွေဆိုကာ တစ်လုံး(၅)သိန်းခွဲနဲ့ လိမ်ရောင်းလာခဲ့လို့ Live လွှင့်ပြီး ပြသခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/42/42765e11ba9e0e0db06968146d2272677316d428.jpg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်လာတာနဲ့ အမျှ အောက်ဆီဂျင်(O2)များ အလွယ်တကူမရတဲ့ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရတာ တွေ့မြင်နေရပါတယ်။ တချို့ပြည်သူတွေဆိုရင် အောက်ဆီဂျင်(O2)တစ်အိုးရဖို့အတွက် တစ်နေကုန်တစ်နေခန်း နေပူမိုးရွာနေတဲ့ ကြားကနေ တန်းစီစောင့်ရတာဖြစ်ပါတယ်။ လတ်တလော သေဆုံးနေတဲ့ ကိုဗစ်လူနာအများစုဟာ ဆောက်ဆီဂျင်(O2)ထိုးကျပြီး သေဆုံးနေကြတာ ဖြစ်ပါတယ်။

Photo Credit - Minn Naing fb account
Photo Credit - Minn Naing fb account
Photo Credit - Minn Naing fb account
Photo Credit - Minn Naing fb account

ဒါ့အပြင် အောက်ဆီဂျင်(O2)အိုး စျေးနှုန်းတွေက အဆမတန် မြင့်တက်နေတဲ့အပြင် ဝယ်ချင်းတိုင်းလည်း ဝယ်ယူလို့မရတဲ့ အခြေအနေတွေကြောင့် ကိုဗစ်လူနာတွေအတွက် အခက်ကြုံနေရတာ ဖြစ်ပါတယ်။ ဒီလိုအခက်အခဲတွေကို အခွင့်ကောင်းယူပြီး ဝိသမလောဘသားတွေက အသုံးပြုလို့မရတော့တဲ့ အောက်ဆီဂျင်(O2)အိုး အဟောင်းတွေ နဲ့ လုပ်ငန်းသုံး ကာဗွန်တိုင်အောက်ဆိုက်(CO2)အိုးတွေကို ဆေးသုတ်ပြီး မသိနားမလည်တဲ့ ပြည်သူတွေအား အမြတ်တင် လိမ်ရောင်းနေကြတာ တွေ့ရပါတယ်။

Photo Credit - Minn Naing fb account
Photo Credit - Minn Naing fb account
Photo Credit - Minn Naing fb account
Photo Credit - Minn Naing fb account

ယခုမှာလည်း လုပ်ငန်းသုံး ကာဗွန်တိုင်အောက်ဆိုက်(CO2) (၁၀-လီတာ)အိုး(၂)လုံးကို ဆေးသုတ်ပြီး အောက်ဆီဂျင်(O2)အိုးဆိုကာ လိမ်ရောင်းခဲ့တဲ့ ဖြစ်စဥ်ကို ပြည်သူတစ်ဦးက Live လွှင်ပြီး ဖော်ပြလာခဲ့ပါတယ်။ ဒီဖြစ်စဥ်မှာတော့ ပုသိမ်မြို့က  စေတနာရှင် အမျိုးသမီးတစ်ဦးဟာ ပရဟိတအသင်းကို အောက်ဆီဂျင်(O2)အိုး လှူဒါန်းပေးဖို့အတွက် အောက်ဆီဂျင်အိုး(၂)လုံးဝယ်ယူရာကနေ အိုး(၁)လုံးကို (၅)သိန်းခွဲနဲ့ ရောင်းခဲ့လို့ သေချာစစ်ကြည့်ခဲ့ရာ လုပ်ငန်းသုံး ကာဗွန်တိုင်အောက်ဆိုက်(CO2)အိုးများ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီလို ဝိသမလောဘသားတွေရဲ့ အောက်ဆီဂျင်(O2)အိုးများ လိမ်ရောင်းခဲ့တာကြောင့် တချို့လူနာတွေ မသေသင့်ဘဲ သေဆုံးသွားခဲ့တာတွေ ရှိပါတယ်။ ပရိသတ်တွေလည်း ယခုလို အလိမ်မခံရအောင် သတိထားစေဖို့အတွက် အကျိုးရှိတဲ့ ဒီဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Minn Naing fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T