မှာထားတဲ့ စားစရာလေးတွေကို သွားပို့ပြီး အပြန်လမ်းမှာ သေနတ်ဖြင့်ပစ်ခံလိုက်ရတဲ့ ထမင်းဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးရဲ့ ဝမ်းနည်းစရာအဖြစ်

//s9.kh1.co/b7/b70f5b94c2a285be7c8e5b7dd3b0e4e1ac2c2b31.jpg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

မှာထားတဲ့ စားစရာလေးတွေကို သွားပို့ပြီး အပြန်လမ်းမှာ သေနတ်ဖြင့်ပစ်ခံလိုက်ရတဲ့ ထမင်းဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးရဲ့ ဝမ်းနည်းစရာအဖြစ်

အာဏာသိမ်းတဲ့နေ့ရက်တွေက စတင်ပြီး မြန်မာပြည်သူတွေဟာ အသက်အိုးအိမ်စည်းစိမ်မလုံခြုံဘဲ ထိတ်ထိတ်လန့်လန့်နဲ့ နေထိုင်နေရသလို ပြည်သူအချို့ဟာလည်းအ​​ကြောင်းအမျိုးမျိုး​ကြောင့် အသက်သေဆုံးနေကြပါတယ် ။ယနေ့Julyလ (27)ရက်နေ့မှာတော့ မြင်းခြံမြို့မှာ ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။ အကြောင်းကတော့ မြင်းခြံမြို့ ဘုရားလမ်းရှိ ဘုံဘေချစ်တီးထမင်းဆိုင်မှ ပိုင်ရှင်လင်မယားနှစ်ယောက်ဟာ လူတစ်စုရဲ့သေနတ်နဲ့ ပစ်ခတ်ခြင်းကို ခံလိုက်ရပြီး အသက်သေဆုံးသွားခဲ့ကြပါတယ်။  

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သေဆုံးသွားတဲ့ အဆိုပါလင်မယားနှစ်ယောက်ဟာ မှာထားတဲ့ စားစရာလေးတွေကို သွားပို့ပြီးပြန်အလာ ရွှေရသာနှင့် Denko ဆီဆိုင်ကြားအရောက်မှာ သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားဖြစ်သူ ကိုကောင်းမြတ်သူဟာ အသက်(၂၉)နှစ်အရွယ်သာရှိသေးသလို အမျိုးသမီးဟာလည်း အသက်(၃၀)အရွယ်သာရှိသေးတာဖြစ်ပါတယ်။ကိုကောင်းမြတ်သူတို့ဇနီးမောင်နှံနှစ်ယောက်သေဆုံးသွားချိန်မှာ အရွယ်မရောက်သေးတဲ့ သားလေးနှစ်ယောက်ကျန်ရစ်ခဲ့ပါတယ်။ အခုလိုအသတ်ခံလိုက်ရတဲ့ ဘုံဘေချစ်တီးထမင်းဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးအတွက် ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဒေသခံပြည်သူတစ်ဦးကတော့ " ဘာမှ မလုပ် ဘယ်မှ မပါ လူတိုင်းနဲ့တည့်အောင် အမြဲနေလေ့ရှိတဲ့ ဈေးရောင်းတဲ့လင်မယားကိုဒန်ပေါက်နဲ့စွပ်ပြုတ်သွားပို့ပြီး ပြန်အလာ မြင်းခြံမြို့ ဘုရားလမ်းမှ ဘုံဘေထမင်းဆိုင်မှကိုစမီးလင်မယား(၂)ယောက် ရွှေရသာနှင့်Denkoဆီဆိုင်ကြားမှာ(11:00)am နာရီလောက် သေနတ်ဖြင့် ပစ်သတ်ခံရ  "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ သေဆုံးသွားကြတဲ့ ကိုကောင်းမြတ်သူတို့လင်မယားနှစ်ယောက် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T