အလံထောင်ပြီးအကူအညီတောင်းခဲ့ပေမယ့် လာလှူကြတဲ့အလှူပစ္စည်းတွေကို လက်မခံရဲတဲ့အဓိကအကြောင်းအရင်းကို ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/c3/c3f40d65fe92c0a83ba83c7a70c331d279ffa2dc.jpeg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အလံထောင်ပြီးအကူအညီတောင်းခဲ့ပေမယ့် လာလှူကြတဲ့အလှူပစ္စည်းတွေကို လက်မခံရဲတဲ့အဓိကအကြောင်းအရင်းကို ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

COVID-19 အခြေအနေကြောင့် ပြည်သူလူထုလည်း အိမ်ထဲကနေ အိမ်ပြင်ကို လိုအပ်မှသာလျှင်ထွက်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ကာကွယ်နေကြရတာဖြစ်ပါတယ်။ပရဟိတအဖွဲ့တွေနဲ့ စေတနာရှင်ပြည်သူတွေကလည်း ဒီကာလမှာ တစ်ထောင့်တစ်နေရာကနေ အားပေးကူညီနေကြတာဖြစ်ပါတယ်။ကိုဗစ်ကူးစက်ရောဂါတစ်အိမ်လုံးဖြစ်ပွါးခဲ့ရင်လည်း အလံအဝါနဲ့ အလံအဖြူထောင်ပြီး အကူအညီတောင်းလို့ရကြောင်းကို အမှတ်အသားလုပ်ပေးထားတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အခုဆိုရင်တော့ စေတနာရှင်လူငယ်လေးတစ်စုက ရပ်ကွက်ထဲက အလံထောင်ထားတဲ့အိမ်တစ်အိမ်ကို သွားရောက်ကူညီပေးခဲ့ရာမှ စိတ်ဓာတ်ကျခဲ့ရတဲ့အကြောင်းကို ဖွင့်ဟလာတာဖြစ်ပါတယ်။အကြောင်းအရင်းကတော့ အဲ့ဒီအိမ်ကမိသားစုတွေက လာလှူတဲ့အလှူပစ္စည်းတွေကို လက်မခံရဲကြတာဖြစ်ပါတယ်။အဲ့ဒီအိမ်ထဲမှာဆိုရင် အသက်(၉၀)ကျော်အရွယ်အဘွားကို (၆၅)နှစ်အရွယ်သမီးဖြစ်သူက ပြုစုစောင့်ရှောက်ပေးနေရတာဖြစ်ပါတယ်။လက်မခံရဲတဲ့အကြောင်းကလည်း သူတို့သားအမိနှစ်ယောက်ကို အုပ်ချုပ်ရေးမှူးထံ တိုင်ခံထားရတယ်လို့သိရပါတယ်။

Photo Credit:Original Uploder<br>
Photo Credit:Original Uploder

အဲ့ဒီအိမ်က သားအမိနှစ်ယောက်ကတော့ လာလှူကြတဲ့သူတွေကို တခြားလိုအပ်နေသူတွေအတွက် ပေးပါဆိုပြီးပြန်ထည့်ပေးလိုက်တာဖြစ်ပါတယ်။သားအမိနှစ်ယောက်ကလည်း တကယ်အဆင်မပြေတာကြောင့် လာလှူမှစားရတာဖြစ်ပြီး အခုလိုအတိုင်ခံထားရတော့ ကြောက်ပြီးမယူရဲကြတော့တာဖြစ်ပါတယ်။အခုချိန်မှာ ပြည်သူအချင်းချင်းက ဖေးမကူညီနေကြတာတောင် ကိုယ်ချင်းစာစိတ်မရှိတဲ့လူတွေနဲ့ကြုံနေရတဲ့အခြေအနေကို စိတ်မကောင်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T