သူမကိုယ်တိုင် အောက်ဆီဂျင်(၈၀)အောက်ထိကျခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ အောင်မြင်စွာတွန်းလှန်နိုင်ခဲ့တဲ့ အချက်တွေကိုဖွင့်ဟလာတဲ့ ဆောင်းယွန်းစံ

//s9.kh1.co/00/004062783594e2714a1654eb8b7ea6adbdb68ffe.jpg
အနုပညာရှင်များ

 ၂၇-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

သူမကိုယ်တိုင် အောက်ဆီဂျင်(၈၀)အောက်ထိကျခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ အောင်မြင်စွာတွန်းလှန်နိုင်ခဲ့တဲ့ အချက်တွေကိုဖွင့်ဟလာတဲ့ ဆောင်းယွန်းစံ

ကိုဗစ်ရောဂါဆိုးကြီးက မြန်မာပြည်သူတွေရဲ့ အသက်တွေများစွာကို နှုတ်ယူခဲ့ပြီး ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို လူတန်းစားမရွေး၊အသက်အရွယ်မရွေး ခံစားခဲ့ရပါတယ်။ ကိုဗစ်ပျောက်ကင်းသွားတဲ့လူနာတွေကတော့ ရောဂါကူးစက်ခံထားရလို့ စိတ်ဓာတ်ကျနေတဲ့ပြည်သူတွေကို အားပေးစကားပြောဆိုတာမျိုး၊ ကိုယ်တွေ့အဖြစ်အပျက်တွေကိုပြန်လည်မျှဝေပေးတာမျိုးတွေ ပြုလုပ်နေကြပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို အနုပညာရှင်တွေလည်း ခံစားခဲ့ရပြီး သရုပ်ဆောင်ဆောင်းယွန်းစံဟာလည်း ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပါတယ်။

Photo Credit: saung yoon san 's  facebook acc 
Photo Credit: saung yoon san 's facebook acc 
Photo Credit: saung yoon san 's  facebook acc 
Photo Credit: saung yoon san 's facebook acc 

ယနေ့Julyလ(27)ရက်နေ့မှာတော့ သရုပ်ဆောင်ဆောင်းယွန်းစံတစ်ယောက် ကိုဗစ်ရောဂါကူးစက်မှုကို တွန်းလှန်နိုင်ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးပြောပြလာခဲ့ပါတယ်။ သူမကတော့ အောက်ဆီဂျင် (၈၀)အောက်ထိကျခဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ အောင်မြင်စွာတွန်းလှန်နိုင်ခဲ့တဲ့ အချက်တွေကို လူအများသိရှိအောင် ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရတဲ့အချိန်မှာ အိပ်ရေးဝဝအိပ်တာမျိုး၊ အစားများများစားတာမျိုးတွေပြုလုပ်ခဲ့သလို စိတ်ညစ်စရာတွေ မတွေးဘဲ စိတ်ကိုပျော်ရွှင်အောင်ထားခဲ့ကြောင်း သူမက ပြောပြလာခဲ့ပါတယ်။

Photo Credit: saung yoon san 's  facebook acc 
Photo Credit: saung yoon san 's facebook acc 
Photo Credit: saung yoon san 's  facebook acc 
Photo Credit: saung yoon san 's facebook acc 

သူမကတော့ တစ်ယောက်ယောက်က လာခေါ်နေသလိုမျိုးအိမ်မက်ဆိုးတွေ မက်ခဲ့ပေမယ့်လည်း ဘာတွေပဲ ဖြစ်နေဖြစ်နေ ရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်လေးနဲ့ အားတင်းထားခဲ့တာကြောင့် ကိုဗစ်ရောဂါဆိုးကြီးကို တွန်းလှန်နိုင်ခဲ့ပါတယ်။ ဆောင်းယွန်းစံကတော့ ရောဂါကူးစက်ခံရတဲ့လူနာတွေအနေနဲ့ ကိုယ့်အတွက် ခွန်အားရှိမယ့် သူငယ်ချင်းကောင်းတွေနဲ့ စကားပြောပေးကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။ ရောဂါကူးစက်ခံရတဲ့ (၂၁)ရက်တာကာလကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပြီး ကိုဗစ်ရောဂါပျောက်ကင်းသွားတဲ့ သူမအတွက် ပရိသတ်တွေက ဝမ်းသာနေကြပါတယ်။

Source : saung yoon san 's facebook acc 

Photo Credit: saung yoon san 's  facebook acc 
Photo Credit: saung yoon san 's  facebook acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T