ကမ္ဘာ့ဇိမ်အရှိဆုံးန‌ဲ့ အလွတ်လပ်ဆုံးလို့တောင် သတ်မှတ်ထားကြတဲ့ Bastoy ထောင်

//s9.kh1.co/50/501866c44bae6b84cefc92b14a8dffdf96b54f3d.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာဆိုရင်တော့ ကမ္ဘာပေါ်မှာ ဇိမ်အရှိဆုံးလို့ သတ်မှတ်ခံထားရတဲ့ Bastoy ထောင်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီ Boastoy ထောင်ကတော့ လူသတ်တရားခံတွေနဲ့ မုဒိမ်းမှုကျူးလွန်သူအများစုကို ထားရှိတဲ့ထောင်တစ်ခုဖြစ်ပြီး နော်ဝေနိုင်ငံ ၊ အိုစလိုမြို့တောင်ဘက် ၄၆ မိုင်အကွာက Bastoy ကျွန်းပေါ်မှာ တည်ရှိပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ ဒီ Bastoy ထောင်ရဲ့ ပထမဆုံး ထူးခြားချက်တစ်ခုကတော့ အခြားထောင်တွေလို ထောင်သားတွေကို ကာရံထားတဲ့ အရံအတားတံတိုင်းတွေမရှိတာပါပဲ။

https://s9.kh1.co/__image/w=640,h=426,q=100/55/55f02fcb38e71e38cd88541f81adda09d259d72f.png
https://s9.kh1.co/__image/w=640,h=442,q=100/a9/a98cca042c4beae2317bad0ada0c7aba6f9bde4e.png

ဒီထောင်မှာရှိတဲ့ ထောင်သားတွေဟာ သစ်လုံးအိမ်တွေမှာ နေထိုင်ရပြီး ထောင်ရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်ရပါတယ်။ ထောင်သားတွေမှာ ကိုယ်ပိုင်အခန်းသော့တွေလည်း ရှိပြီး လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့အပြင် အားလပ်ချိန်တွေမှာ မြင်းစီး၊ ငါးမျှား၊ တင်းနစ်ရိုက်၊ နှင်းလျှောစီး စတဲ့ အားကစားတွေ ကြိုက်နှစ်သက်သလို လုပ်နိုင်ပါတယ်။ ထောင်သားတွေမှာ အချိန်ပိုတွေလည်း အများကြီးရှိပြီး Gym ကစားခန်းမမှာ အချိန်ဖြုန်းနိုင်သလို ကမ်းခြေမှာလည်း သွားရောက် အပန်းဖြေနိုင်ပါသေးတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=640,h=427,q=100/c5/c594f4497dd767608d9c476397581b49496f91eb.png
https://s9.kh1.co/__image/w=650,h=434,q=100/24/2449657341be66fe6020fd1fd46f169165706839.jpg

ဒီထောင့်မှာ စောင့်တဲ့အစောင့်တွေကလည်း သေနတ်ကိုင်ဆောင်ထားတာမျိုးမရှိပဲ ညဘက်ဆိုရင်တောင် အစောင့်ငါးယောက်ပဲ ရှိတယ်လို့ သိရပါတယ်။ Bastoy ထောင်ရှိရာ ဒီကျွန်းကို ရောက်နိုင်တဲ့ နည်းကလည်း ဖယ်ရီ လှေတစ်မျိုးတည်းရှိသလို ယနေ့ထက်ထိလည်း ထွက်ပြေးတဲ့ ထောင်သားတစ်ယောက်မှ မရှိသေးဘူးလို့သိရပါတယ်။ ဒီ Bastoy ထောင်ဟာ ကမ္ဘာ့လုံခြုံရေး အနည်းဆုံးထောင်ဖြစ်ပြီး ဇိမ်အကျဆုံးနဲ့ အလွတ်လပ်ဆုံးထောင်အဖြစ်ပါ သတ်မှတ်ထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/ed/eda477c3749328f3a3d16c4e9bd9e777d7ac19ae.png
https://s9.kh1.co/__image/w=650,h=650,q=100/9d/9dfe1eac532f20c7d8881466b732789175650d44.png

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T