အုပ်စုပွဲစဉ်များတွင် (၂)ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် အိုလံပစ်ပြိုင်ပွဲကနေ စောစီးစွာ နှုတ်ထွက်ခဲ့ရပြီး အိမ်ပြန်ရတော့မယ့် သက်ထားသူဇာ

//s9.kh1.co/32/32f9d1473a09e5ad784e4a72e56c255f6cbecf29.jpeg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိ ကျင်းပနေတဲ့ ဂျပန်နိုင်ငံ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်မြန်မာနိုင်ငံ ကိုယ်စားပြုအားကစားသမား နှစ်ဦးသာဝင်ရောက်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းက အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းကြက်တောင်ပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာတော့ မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာတစ်ယောက် ဘယ်လ်ဂျီယံကြက်တောင်မယ် Lianne Tan ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အုပ်စုပွဲစဉ် (၂) ပွဲကစားအပြီး ပထမပွဲစဉ်တွင် အင်ဒိုနီးရှားကစားသမားကို နှစ်ပွဲပြတ်ဖြင့်ရှုံးရုံတင်မကဘဲ အခုနောက်ဆုံးပွဲစဉ်မှာလည်း ဘယ်လ်ဂျီယံကစားသမားကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့ပြီး အိမ်ပြန်လာရတော့မှာဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ဒီပွဲစဉ်တွေမှာ အုပ်စုထဲက ပထမရရှိသူတစ်ဦးတည်းကိုသာ နောက်တစ်ဆင့် တက်​ရောက်ခွင့်ရှိတာကြောင့် သက်ထားသူဇာတစ်ယောက် ဒီအဆင့်မှာတင် ရှုံးနိမ့်ပြီး ဝမ်းနည်းစွာဖြင့် နောက်လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ သက်ထားသူဇာဟာ အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိဖို့ကို နှစ်တွေချီပြီး မျှော်လင့်ခဲ့တဲ့ အိမ်မက်ဖြစ်တာကြောင့်ဝေဖန်မှုတွေများစွာခံနေရတဲ့ကြားက သွားရောက်ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

သက်ထားသူဇာတင်မကဘဲ  သေနတ်ပစ်ကစားသမား ရဲထွန်းနောင်ဟာလည်း အမျိုးသား ၁၀ မီတာ လေသေနတ်ပစ္စတိုပြိုင်ပွဲတွင် အဆင့် (၁၄) သာ ရရှိခဲ့တဲ့အတွက် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲကနေ အသီးသီးနှုတ်ထွက်ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်ကစားသမားတွေ ဒီအချိန်မှာအတော်လေးကို စိတ်ထိခိုက်နေကြမှာ အသေချာပါပဲ။ နောက်လာမယ့် ပြိုင်ပွဲတွေမှာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ပြီး အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T