အံ့ဩဖွယ်ကောင်းလောက်အောင် အသွားအပြန်တစ်ထပ်တည်းကျပြီး လွန်စွာညီညာနေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ခြေတော်ရာ

//s9.kh1.co/6a/6ad50f2637f414612806c9a9fd45a75c27c668f5.jpeg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အံ့ဩဖွယ်ကောင်းလောက်အောင် အသွားအပြန်တစ်ထပ်တည်းကျပြီး လွန်စွာညီညာနေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ခြေတော်ရာ

မြန်မာပြည်တွင်းမှာ ဒုက္ခတွေတစ်မျိုးပြီးတစ်မျိုး ကြုံတွေ့နေရပေမယ့်လည်း ဘာသာတရားကိုင်းရှိုင်းကြတဲ့ မြန်မာပြည်သူတွေကတော့ ဝါတွင်းကာလမှာ ကုသိုလ်တွေနဲ့ဖြတ်သန်းကြတာဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဆိုရင်လည်း ဝါတွင်းကာလ (၃)လမှာ နံနက် (၇)နာရီတိုင်း သပိတ်ပိုက်ပြီး ဆွမ်းခံကြွမှာပဲဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးကို ဖူးတွေ့ဖို့ ခက်ခဲလှတာကြောင့် ပြည်သူတွေက ဒီကာလမှာပဲ ဆွမ်းလောင်းရင်း ဖူးမျှော်ရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ရာနေရာကတော့ ကန့်ဘလူမြို့နယ်၊မြေမွန်ကျေးရွာအုပ်စု၊ဉေယျဓမ်တောရကျောင်းတွင် သီတင်းသုံးတာဖြစ်ပါတယ်။ဆရာတော်ဘုရားကတော့ ဝါဆိုလပြည့်နေ့မှာ သက်တော် (၈၀)ပြည့်သွားပြီဖြစ်ပါတယ်။ယနေ့အချိန်ထိတိုင် သာသနာ့ဘောင်အတွင်းမှာ နေထိုင်ရင်း တရားအားထုတ်နေတဲ့ ဆရာတော်ဘုရားကြီးကို ကြည်ညိုလေးစားကြတဲ့ ဒါယကာ၊ဒါယိကာမတွေလည်း အများအပြားရှိပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာတော်ဘုရားကြီး ဆွမ်းခံကြွချီတော်မူရာ သဲလမ်းတစ်လျှောက်တွင်လည်း ခြေတော်ရာတွေထင်ကျန်ရစ်ခဲ့ပါတယ်။ဆရာတော်ဘုရားကြီးရဲ့ ခြေရာတွေက အသွားအပြန်တစ်ထပ်တည်းကျပြီး လွန်စွာညီညာတာကြောင့်သမာဓိအားအရမ်းကောင်းတာကို တွေ့မြင်ရပါတယ်။ဆရာတော်ဘုရားကြီးရဲ့ ခြေတော်ရာကိုလည်း ပြည်သူလူထုက ကြည်ညိုသဒ္ဓါပွါးများစွာနဲ့ ဖူးမျှော်နေကြတာဖြစ်ပါတယ်။အရမ်းသတိမြဲပြီး သမာဓိအားကောင်းတဲ့ ဆရာတော်ဘုရားရဲ့ခြေတော်ရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T