ကိုဗစ်ရောဂါတိုက်ထုတ်ဖို့ အဓိကလိုအပ်တဲ့ သော့ချက်ကို ဗီဒီယိုဖိုင်ဖြင့် ရိုက်ကူး ဝေမျှပေးလာခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/e0/e029c0b451d8a5e53d9be3e41d0dd0eb31d40f13.jpeg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိအခြေအနေမှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုနှုန်းတွေဟာ အတော်လေးကို မြန်ဆန်နေပြီး အသက်ဆုံးရှုံးသွားရသူတွေ များစွာရှိနေတာပါ။ ​ကပ်ရောဂါကြီးကို ထိန်းချုပ်ကာကွယ်ဖို့အတွက် ပြည်သူတွေ အချင်းချင်း ဖေးမကူညီပေးနေကြတာကိုလည်း အားရဖွယ် မြင်တွေ့ကြရမှာပါ။ ရောဂါကူးစက်ခံခဲ့ရပါက စိတ်ဓာတ်မကျဘဲ ပျော်ရွှင်စွာ နေထိုင်ခြင်းဖြင့် တိုက်ထုတ်ကြဖို့ တကယ်လိုအပ်လှပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ဒီရောဂါဆိုးကြီးကို ပျောက်ကင်းအောင် တိုက်ထုတ်နိုင်ခဲ့တဲ့သူတွေလည်း များစွာရှိပါတယ်။ လတ်တလောမှာလည်း ကိုဗစ်ရောဂါခံစားနေရပေမယ့် စိတ်ဓာတ်မကျဘဲ သီချင်းတီးလုံးနဲ့အတူ မျောပါပြီး ကနေတဲ့ ပြည်သူတစ်ဦးရဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ယက်တွင် အတော်လေးကို နာမည်ကြီးနေတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ခံစားနေရသူ အမျိုးသမီးရဲ့ မောင်ဖြစ်သူကိုယ်တိုင်  ဒီဗီဒီယိုဖိုင်ကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

" ကျွန်တော်အစ်မ ကိုဗစ်တိုက်ထုတ်ပုံကို နမူနာယူကြနော် ရှယ်ဖလန်း ဖလန်း စိတ်ကိုပျော်အောင် ထားပုံ " ဆိုပြီးရေးသားဝေမျှ ပေးထားတာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ စိတ်ကို ပျော်ရွှင်အောင်​ထားပြီး အတတ်နိုင်ဆုံး နေထိုင်ခြင်းဟာ ကိုဗစ်ရောဂါကို တိုက်ထုတ်ဖို့ တကယ်လိုအပ်တဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ်။ အားလုံးလည်း ခဏတာပျော်ရွှင်သွားကြစေဖို့ ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T