PPE၀တ်စုံ၀တ်ကာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေကိုယ်တိုင်သယ်ကာ ကူညီပေးနေတဲ့ မော်ဒယ်မင်းသွေးခန့်

//s9.kh1.co/96/96a6795aa74354085758819bf534a070a04bbafa.jpg
အနုပညာရှင်များ

 ၂၇-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမှာ Covid 19တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ တစ်နေ့တစ်ထက်တစ်နေ့  ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်။
ကိုဗစ်ကူးစက်မှုတွေမှာ အိမ်လုံးကျွတ်ကူးစက်မှုတွေအထိဖြစ်ပေါ်နေတာကြောင့် အပြင်လည်းမထွက်နိုင်ဖြစ်နေကြကာ ဆေးဝါးအကူအညီတွေလည်းလိုအပ်နေကြတာဖြစ်ပါတယ်။

Photo credit-​ Min Thway Khant's Facebook acc
Photo credit-​ Min Thway Khant's Facebook acc

ကိုဗစ်လူနာအတော်များများမှာလည်း အောက်ဆီဂျင်ကျတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီး အောက်ဆီဂျင်အိုးရရှိရန်ခက်ခဲလွန်းတာကြောင့် အသက်သေဆုံးနေကြရတဲ့ လူနာတွေလည်းအတော်များလာနေတာတွေ့ရပါတယ်။ အခုလိုအခြေအနေတွေကြောင့် အောက်ဆီဂျင်တန်းစီဖို့အတွက် volunteerလုပ်ကာကူညီပေးနေကြတဲ့ လူငယ်လေးတွေလည်းများလာနေပြီး ၎င်းတို့ထဲမှာဆိုရင် မော်ဒယ်လ်မင်းသားမင်းသွေးခန့်တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။

Photo credit-​ Min Thway Khant's Facebook acc
Photo credit-​ Min Thway Khant's Facebook acc
Photo credit-​ Min Thway Khant's Facebook acc
Photo credit-​ Min Thway Khant's Facebook acc

မင်းသွေးခန့်ဟာ နေ့တိုင်းနီးပါးအောက်ဆီဂျင်အတွက် volunteerလုပ်ပေးနေတာဖြစ်ပြီး လိုအပ်နေတဲ့ဆေးဝါးတွေကိုလည်း ၀ယ်ယူကာ ကိုဗစ်ကူးစက်ခံထားရတဲ့သူ‌တွေဆီကို အိမ်တိုင်ရာသွားရောက်ပို့ပေးနေတာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း မင်းသွေးခန့်ဟာ PPE၀တ်စုံ၀တ်ကာ အောက်ဆီဂျင်အိုးတွေသယ်ရင်း ကိုဗစ်လူနာတွေရဲ့ အိမ်ကိုသွားရောက်ပို့ပေးနေတဲ့ လေးစားစရာပုံလေးတွေမျှဝေထားဝာာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Photo credit-​ Min Thway Khant's Facebook acc
Photo credit-​ Min Thway Khant's Facebook acc
Photo credit-​ Min Thway Khant's Facebook acc
Photo credit-​ Min Thway Khant's Facebook acc

သတင်း အရင်းအမြစ်Min Thway Khant's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T