ချစ်သူအောင်လနဲ့ပတ်သက်ပြီး လတ်တလောထွက်ပေါ်နေတဲ့ ကောလဟာလသတင်းများအပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

//s9.kh1.co/54/5463e8d205a8780aef21a4bcd8ca144130b73569.jpg
အနုပညာရှင်များ

 ၂၇-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ချစ်သူအောင်လနဲ့ပတ်သက်ပြီး လတ်တလောထွက်ပေါ်နေတဲ့ ကောလဟာလသတင်းများအပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

ကိုဗစ်တတိယလှိုင်းဒဏ်ကြောင့် မြန်မာပြည်သူအများအပြား ရင်ဆိုင်ခံစားနေရပြီး ပြည်သူအချို့ဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရပါတယ်။ ကိုဗစ်ကူးစက်မှုကြောင့် အသက်သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိသလို ကိုဗစ်ရောဂါပျောက်ကင်းသွားတဲ့ လူနာတွေလည်းရှိကြပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုခံထားရတဲ့ ပြည်သူတွေထဲ အဆိုတော်အောင်လလည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ယခုမှာတော့ နေမကောင်းဖြစ်နေတဲ့ အဆိုတော်အောင်လနဲ့ပတ်သက်တဲ့ သတင်းအမှားတွေလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာနေခဲ့ပါတယ်။

Photo Credit: Wine Su ' s Facebook Acc 
Photo Credit: Wine Su ' s Facebook Acc 
Photo Credit: Wine Su ' s Facebook Acc 
Photo Credit: Wine Su ' s Facebook Acc 

အဆိုတော်အောင်လတစ်ယောက် လက်လုပ်ဗုံးစမ်းသပ်ရင်း ပေါက်ကွဲပြီး မျက်နှာမှာဒဏ်ရာရရှိတယ်ဆိုတဲ့ သတင်းအမှားတွေ လူမှုကွန်ယက်ထက်မှာ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဝိုင်းစုကတော့ ချစ်သူအောင်လနဲ့ပတ်သက်ပြီး လတ်တလောထွက်ပေါ်နေတဲ့ ကောလဟာလသတင်းများအပေါ်  ပြန်လည်ဖြေရှင်းလိုက်ပါတယ်။ဝိုင်းစုကတော့ ချစ်သူအောင်လတစ်ယောက် ကိုဗစ်ရောဂါကူးစက်ခံရတာကလွဲရင် ကျန်းမာရေးအကောင်းကြီးရှိနေကြောင်း၊ ဗုံးပေါက်ကွဲတယ်ဆိုတဲ့သတင်းဟာ သတင်းအမှားသာ ဖြစ်ကြောင်း၊ ဗုံးပေါက်ရင်လည်း တစ်ရပ်ကွက်လုံးသိမှာ​ဖြစ်ပြီး လိမ်လို့ရတဲ့အရာမဟုတ်ကြောင်း ရှင်းပြလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Wine Su ' s Facebook Acc 
Photo Credit: Wine Su ' s Facebook Acc 
Photo Credit: Wine Su ' s Facebook Acc 
Photo Credit: Wine Su ' s Facebook Acc 

ဝိုင်းစုကတော့ " ကိုအောင်လ ဘာမှမဖြစ်ပါဘူးCovid ဖြစ်နေတာကလွဲရင် အကောင်းကြီးပါ ဗုံးလဲမပေါက်ပါဘူး covid ဖြစ်လို့ရော မဖြစ်ခင်တည်းကအပြင်ကိုမထွက်ဖြစ်တာ ဗုံးပေါက်ရင်လည်း တစ်ရပ်ကွက်လုံးသိမှာ လိမ်လို့ရတဲ့အရာလည်းမဟုတ်ဘူးသေချာရေရာမသိပဲ တင်ချင်ရာတွေ ခေါင်းစဉ်တပ်ပြီး လျှောက်မတင်ကြပါနဲ့တော့ လာမေးကြတာကိုပြန်ဖြေရတာနဲ့တင်မောလွန်းလို့ပါ Please "ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်းသတင်းအမှားတွေကို စိတ်ထဲမထားဖို့နဲ့ ကိုဗစ်ကူးစက်ခံထားရတဲ့ အဆိုတော်အောင်လတစ်ယောက် နေအမြန်ပြန်ကောင်းလာစေဖို့ ဆုတောင်းပေးနေကြပါတယ်။

Source : Wine Su ' s Facebook Acc 

Photo Credit: Wine Su ' s Facebook Acc 
Photo Credit: Wine Su ' s Facebook Acc 
Photo Credit: Wine Su ' s Facebook Acc 
Photo Credit: Wine Su ' s Facebook Acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T