အစ်ကိုဖြစ်သူနဲ့ ပြောခဲ့တဲ့ မှတ်တမ်းတစ်ချို့ကို ပြန်လည်ဝေမျှရင်း အခုထိအောက်မေ့သတိရနေဆဲဖြစ်ကြောင်း ရင်ဖွင့်လာတဲ့ ရေမွန်ရဲ့ညီမလေး

//s9.kh1.co/65/6563017924b05adb45351708ae332f4dbd4aca35.jpeg
အနုပညာရှင်များ

 ၂၇-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရေမွန်ကွယ်လွန်သွားခဲ့တာ ဇူလိုင်လ (၂၃) ရက်နေ့က တစ်လပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ခွဲခွာသွားတာဘယ်လောက်မှ မကြာသေးပေမယ့်လည်း ပရိသတ်တွေနဲ့ ရေမွန်ကို ချစ်ကြတဲ့ မိတ်ဆွေသူငယ်ချင်းများကတော့အခုချိန်ထိ သတိရနေကြဆဲပါပဲ။ လူသေသွားပေမယ့် သူ့ရဲ့ သီချင်းတွေကတော့ အမြဲတမ်း ရှင်သန်နေဦးမှာအသေချာပါပဲ။ 

Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ရေမွန့်ညီမလေး လပြည့်ကဗျာရဲ့ Facebook Story တွင် ပုံလေးတစ်ပုံတင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အစ်ကိုဖြစ်သူနဲ့ ပြောဖူးတဲ့ conversation ကိုထုတ်ပြလာတာ ဖြစ်ပါတယ်။သူမရဲ့ အစ်ကိုဟာ အမြဲတမ်းအပေါင်းအသင်းများစွာနဲ့ နေထိုင်ခဲ့သူဖြစ်ပြီး နောက်ဆုံးအချိန်မှာတောင် တောထဲမှာတစ်ယောက်တည်း အဖော်မဲ့စွာ နေထိုင်ခဲ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်နေရတာ ဖြစ်ပါတယ်။ 

Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 

သူမကလည်း " သနားစရာ အမြဲအပေါင်းအသင်းတွေနဲ့ တပြုံကြီးနဲ့ နေလာတဲ့သူ ဟိုမှာ မိသားစုပါအနားမရှိတဲ့အချိန် ဘယ်လောက်တောင် အထီးကျန်နေမလဲ မသိဘူး " ဆိုပြီး ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။ထွက်ခွာသွားသူက မသိပေမယ့် ကျန်ရစ်ခဲ့တဲ့သူတွေကတော့ ယနေ့ထက်ထိ မေ့လို့မရနိုင်ဘဲ သတိရနေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိကြစေဖို့ ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Lapyae Kabyar’s Facebook Account 

Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 
Photo Crd-Lapyae Kabyar’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T