ရခိုင်ပြည်နယ် သံတွဲမြို့တွင်ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာကြောင့် ဓာတ်အားယာယီဖြတ်တောက်ထားရတဲ့မြင်ကွင်းများ

//s9.kh1.co/85/851162ca2f6b56ee56e0e1d318cc76386ae123c4.jpg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ယမန်နေ့တွေတည်းက မြန်မာနိုင်ငံအတွင်းနေရာတော်တော်များများမှာ မိုးသည်းထန်စွာရွာသွန်းနေပြီးရေကြီးရေလျှံမှုတွေ အတော်များများဖြစ်ပေါ်နေပါတယ်။

ကရင်ပြည်နယ်တွင်းရှိမြို့တွေမှာဆိုရင် မြစ်ရေလျှံတက်လာမှုကြောင့် ရေဘေးသင့်ပြည်သူတွေများလာနေပြီး အရေးပေါ်ယာယီကယ်ဆယ်ရေးစခန်းတွေပါ ဖွင့်ထားရတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

ဒီကနေ့ဇူလိုင်လ ၂၇ရက်နေ့မနက်ပိုင်းမှာဆိုရင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့မှာရေကြီး ရေလျှံမှုတွေဖြစ်ပေါ်နေပြီး မြို့ပေါ်တွေမှာပါရေလွှမ်းမှုတွေဖြစ်နေပြီး ဓာတ်အားပေးစက်ရုံတွေမှာပါ ရေလွှမ်းမှုတွေဖြစ်ပေါ်နေတာပါ။ အခုလိုဓာတ်အားပေးစက်ရုံတွေအထိ ရေလွှမ်းနေတာကြောင့် သံတွဲမြို့အတွင်းမှာ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ပြည်သူတွေအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေအပြင် အခုလိုရေကြီးရေလျှံမှုတွေပါတွေ့ကြုံနေကြရတဲ့အတွက် ဆင်းရဲဒုက္ခမျိုးစုံကိုခံစားနေကြရတာပါ။ ရာသီဥတုဆိုးရွားမှုတွေကြောင့် ကမ်းရိုးတန်းနီးပြည်သူတွေနဲ့ မြစ်ချောင်းတွေနဲ့နီးရာ မြို့တွေမှာရှိတဲ့ပြည်သူတွေအနေနဲ့ ရေကြီးမှုအချိန်မရွေးကြုံနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့လိုအပ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T