ထူးထူးဆန်းဆန်း အာဖရိကတိုက်မှာသာ တွေ့ရှိနိုင်မယ့် ကမ္ဘာကြီးပေါ်က ရှားပါးတိရစ္ဆာန်များ

//s9.kh1.co/f0/f042908c02cbd2c2299de54ce7532689e92be42b.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာကြီးပေါ်မှာ မိမိတို့ မြင်ဖူးနေကျ သိပ်မစိမ်းတဲ့ တိရစ္ဆာန်လေးတွေရှိမှာပါ။ ဒါပေမယ့် တချို့အကောင်တွေကိုတော့ ပုံတွေထဲ စာတွေထဲမှသာ မြင်ရတာမို့ ထူးဆန်းတဲ့အကောင်လေးတွေရှိတယ်ဆိုတာ သိရပါတယ်။ အဲ့ထဲကမှ အာဖရိကမှာသာ တွေ့နိုင်မယ့် ထူးခြားတဲ့ တိရစ္ဆာန် (၅) မျိုးကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

Greater Kudu

https://s9.kh1.co/__image/w=600,h=439,q=100/43/43e5082067db555c21d968f9e5e3a0b10aab9bee.jpg

Greater Kudu ဆိုတဲ့ သတ္တဝါကတော့ တောင်ဆိတ်မျိုးနွယ်ဝင်ဖြစ်ပြီး ဦးချိုအရည်ဆုံးသတ္တဝါဖြစ်ပါတယ်။ တောင်တက် ကျွမ်းကျင်ပြီး ၃၁၅ ကီလိုဂရမ် အထိ အလေးချိန်ရှိတတ်ပါတယ်။ အထီးတွေဟာ အမအုပ်စုနဲ့ရောနှောနေလေ့မရှိဘဲ မိတ်လိုက်ချိန်မှသာ ပူးပေါင်းတတ်ပါတယ်။ Greater Kudu အမတွေကတော့ အုပ်စုဖွဲ့နေတတ်ပြီး တစ်အုပ်စုမှာ (၂၅)ကောင်အထိ ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=510,q=100/7a/7ae5770c77ef25ae8700f577315707914c527ccd.jpg

Okapi

https://s9.kh1.co/__image/w=600,h=855,q=100/20/20ed32e04b1991151dd3f11ad90aa7f57632be9e.jpg

Okapi သတ္တဝါကတော့ ရှားပါးလှတဲ့ သစ်ကုလားအုတ်မျိုးနွယ်ဝင် ဖြစ်ပြီး သူတို့တစ်မျိုးတည်းသာ ကမ္ဘာပေါ်မှာ ရှင်ကျန်ခဲ့ပါတော့တယ်။ အလွန်ရှားပါးပြီးမျိုးသုဉ်းဖို့အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သတ္တဝါဖြစ်ပါတယ်။ အမြင့်မှာ ၈ ပေအထိ ရှိနိုင်ပြီး အလေးချိန်မှာ ၈၀ မှ ၃၁၀ ကီလိုဂရမ်အထိ ရှိနိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=378,q=100/4c/4cba77779e7753a15611b926cf379b7804b80dd7.jpg

Shoebill

https://s9.kh1.co/__image/w=600,h=293,q=100/ed/ed01ee88f3531c69333b20e80eda28ba923b2220.jpg

Shoebill ငှက်ကတော့ အာဖရိကရဲ့ ရှားပါး ငှက်မျိုးဖြစ်ပြီး ထူးခြားတဲ့ ငှက်တစ်မျိုးဖြစ်ကာ ၉ လက်မလောက်အထိ အရှည်ရှိတဲ့ နှုတ်သီးကြီးကြောင့် လူတွေရဲ့ စိတ်ဝင်စားချစ်ခင်မှုကို ခံရတဲ့ ငှက်လည်း ဖြစ်ပါတယ်။ ရေကြက်မျိုးရင်းဝင် ဖြစ်ပြီး အင်းအိုင်တွေမှာ တွေ့ရလေ့ရှိပါတယ်။ငှက်ကြီးမျိုးဖြစ်ပြီး ၄ ပေအထိ အမြင့်ရှိကာ ၄ မှ ၆ ကီလိုဂရမ် အလေးချိန်ရှိတတ်ပါတယ်။ လူတွေကို ရန်ပြုတတ်ပြီး ဖွတ်၊ ကြွက်၊ ရှဥ့်-တို့ကိုလည်း တိုက်ခိုက် စားသောက်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=903,q=100/f7/f7330291ec0b1d178155e12bcd54b3f208b2681d.jpg

Mantled Guereza

https://s9.kh1.co/__image/w=600,h=450,q=100/86/866451204d5a8cc5afcf71d1f09c817ecf99f763.jpg

အာဖရိကရဲ့ ရှားပါးမျောက်တစ်မျိုးဖြစ်ကာ အဖြူနဲ့အနက် အမွေးများနဲ့ အလွန်လှပပြီး အမြဲစိမ်းတောတွေရဲ့ သစ်ပင်အုပ်တွေမှာ တွေ့ရလေ့ရှိပါတယ်။ အုပ်စုလိုက်နေတတ်ပြီး ကောင်ရေ ၃ ကောင်မှ ၁၅ ကောင်အထိ ပါဝင်တတ်ပါတယ်။

https://s9.kh1.co/__image/w=600,h=729,q=100/99/9939f15d8bda9a6bb47ea238ba1703f8775d7d43.jpg

Grey Crowned Crane

https://s9.kh1.co/__image/w=600,h=407,q=100/89/89971b4e64e398c5cc4952dcfd2a50dfa304a63a.jpg

အလွန်လှပတဲ့ Grey Crowned Crane ငှက်ကတော့ မီးခိုးရောင်လည်ဆံမွေး အပြာရောင်၊ အဖြူရောင်ရောထားတဲ့ ခန္ဓာကိုယ်အမွှေးတွေနဲ့အတူ ဦးခေါင်းမှာလည်း ရွှေရောင်အမောက်ပါဝင်လို့ ချစ်စရာကောင်းပါတယ်။ အသိုက်ဖွဲ့နေတတ်ပြီး ရန်သူနဲ နီးတယ်လို့ ပင်ကိုယ်အသိစိတ်က သိတာနဲ့ အသိုက်ချက်ချင်း ပြောင်းတတ်ပါတယ်။ အသိုက်တစ်ခုမှာ ဥ ၂လုံးမှ ၅ လုံးအထိ ဥ တတ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/85/8586ec044dc5013d8bb3d3b90ec0d82d2153d40b.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T