တစ်သက်လုံးသီလရှင် ဝတ်လိုက်ပါလို့ ဝိုင်းပြောနေကြတဲ့ လူတစ်ချို့အား ထိမိလွန်းတဲ့ စကားလုံးများဖြင့် ပြန်လည်ချေပ ပြောဆိုလိုက်တဲ့ စူးရှထက်

//s9.kh1.co/7c/7c179ab7e6ee4279d85465e10c0ccd4686587641.jpeg
အနုပညာရှင်များ

 ၂၇-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်စူးရှထက်ဟာ မကြာသေးခင် ရက်ပိုင်းလောက်က သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး ဘုရားသမီးတော်အဖြစ် ခံယူခဲ့ပါတယ်။ ကောင်းမှုကုသိုလ်လုပ်နေတဲ့ အချိန်မှာတောင် ဝေဖန်ပြောဆိုမှုတွေ ခံခဲ့ရတဲ့အတွက် စူးရှထက်တစ်ယောက် စိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်တွင် သီလရှင်တစ်သက်လုံး ဝတ်ပါလို့ ဝိုင်းပြောနေကြတဲ့ လူတစ်ချို့အား ထိမိလွန်းတဲ့ စကားလုံးများဖြင့်ပြန်လည် ချေပပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 

သူမရဲ့ကိုယ်ပိုင်ဘဝကို အခြားလူတွေ ဝင်ရောက်စွက်ဖက် မကြိုက်ကြောင်းနဲ့ သီလရှင်တစ်သက်လုံး ဝတ်ပါလို့ပြောတဲ့သူတွေကိုလည်း ကျန်တဲ့ မိသားစုဝင်များကို တစ်သက်လုံး ရှာကျွေးနိုင်မလားလို့ မေးခွန်းပြန်ထုတ်ခဲ့တာဖြစ်ပါတယ်။ အခုလို အပြောခံခဲ့ရတာကို စိတ်နာတာမဟုတ်ဘဲ သူများကို အကောင်းမြင်တတ်တဲ့ စိတ်နဲ့ မကြည့်တတ်တာကြောင့် သနားလာတာဖြစ်ကြောင်း ရေးသားထားတာပါ။ သူမဘာလုပ်လုပ် အပြစ်တင်ပြောဆိုမယ့်ကိစ္စတွေကိုတော့ လာမလုပ်ကြဖို့ကိုလည်း ပြတ်သားစွာ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 

စူးရှထက်ဟာ ကိုယ်တိုင်ရှာဖွေထားတဲ့ ပိုက်ဆံများဖြင့် လိုအပ်တဲ့ နေရာများကို အမြဲလိုလို သွားရောက်လှူဒါန်းပေးနေသူတစ်ဦး ဖြစ်ပါတယ်။ ပြည်သူတွေအတွက် တတ်နိုင်သလောက် ကူညီပေးနေသူတစ်ယောက်ကို အခုလိုပြောဆိုခံနေရတဲ့အတွက် ပရိသတ်များက စူးရှထက်ဘက်ကနေ မခံမရပ်နိုင် ဖြစ်နေကြရတာပါ။ စူးရှထက်တစ်ယောက်လည်း မနာလိုမုန်းထားခံနေရခြင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးရင်း ပရိသတ်တွေလည်း သိရှိကြစေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Sue Sha Htet’s Facebook Account 

Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Photo Crd-Sue Sha Htet’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T