ကိုဗစ်ကြောင့် ပျံလွန်တော်မူသွားခဲ့တဲ့ သားတော်ရဲ့ဓာတ်ပုံကိုကြည့်ပြီး ဝမ်းနည်းငိုကြွေးနေရတဲ့ ဂျလန်းကျွန်းဆရာတော်ရဲ့မယ်တော်ကြီး

//s9.kh1.co/17/175824e20967c4f5854c68e3a8cd36e0fbad1b8b.jpeg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ကြောင့် ပျံလွန်တော်မူသွားခဲ့တဲ့ သားတော်ရဲ့ဓာတ်ပုံကိုကြည့်ပြီး ဝမ်းနည်းငိုကြွေးနေရတဲ့ ဂျလန်းကျွန်းဆရာတော်ရဲ့မယ်တော်ကြီး

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးနေရသူတွေထဲမှာ ပြည်သူတွေအပြင် ပရဟိတသမားများနဲ့ ဘုရားသားတော်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ဇူလိုင်လ (၂၁)ရက်နေ့ကဆိုရင်လည်း ဂျလန်းကျွန်းဆရာတော်က ကိုဗစ်ရောဂါနဲ့ပဲ ပျံလွန်တော်မူသွားခဲ့တာကြောင့် ပြည်သူတွေလည်း အရမ်းဝမ်းနည်းခဲ့ရတာဖြစ်ပါတယ်။ဂျလန်းကျွန်းဆရာတော်ဘုရားက ဆလုံတိုင်းရင်းသားများကို ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို နားလည်အောင်လမ်းပြပေးနေတာဖြစ်ပါတယ်။ဒါယကာ၊ဒါယိကာမတွေကလည်း ဆရာတော်ဘုရားကို အရမ်းလေးစားကြည်ညိုကြတယ်လို့သိရပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ဆရာတော်ဘုရား ပျံလွန်တော်မူချိန်မှာ သက်တော်(၄၅)နှစ်နဲ့ ဝါတော်(၂၅)ဝါ ရှိပြီဖြစ်ပါတယ်။ဂျလန်းကျွန်းဆရာတော်က သူ့ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ သာစည်မြို့မှာပဲ ဆေးကုသမှုခံယူရင်း ပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးရဲ့ ကြွင်းကျန်ရစ်သော အရိုးတော်၊ပြာတော်တို့ကလည်း မယ်တော်ကြီးရဲ့အိမ်မှာသာထားခဲ့တာဖြစ်ပါတယ်။ဆရာတော်ဘုရားရဲ့မယ်​တော်ကတော့ သားလေးကိုခွဲခွါလိုက်ရလို့ ပူဆွေးဝမ်းနည်းနေခဲ့တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အခုဆိုရင်လည်း မယ်တော်ကြီးက ဂျလန်းကျွန်းဆရာတော်ရဲ့ဓာတ်ပုံကိုကြည့်ပြီး ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။သူမရဲ့သားလေးက သူတော်ကောင်းလေးဖြစ်ပြီး သာသနာကိုပြန့်ပွါးအောင်ဆောင်ရွက်နေတာဖြစ်လို့ ယူကြုံးမရဖြစ်နေတာဖြစ်ပါတယ်။ဆရာတော်ကို ကြည်ညိုကြတဲ့ ဒါယကာ၊ဒါယိကာမတွေကလည်း ကျန်ရစ်သူမယ်တော်ကြီးနဲ့ထပ်တူ ဝမ်းနည်းနေကြတာဖြစ်ပါတယ်။ဘဝနတ်ထံသို့ပျံလွန်တော်မူသွားခဲ့တာ (၇)ရက်ရှိသွားပြီဖြစ်တဲ့ဆရာတော်ကို သတိရနေတဲ့ မယ်တော်ကြီးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T