လူမှုကွန်ယက်မှာ အောက်ဆီဂျင်အရေးပေါ် အကူအညီတောင်းခံခဲ့ပြီး နောက်တစ်နေ့မှာပဲ သေဆုံးသွားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ ရင်နင့်စရာအဖြစ်

//s9.kh1.co/3b/3b791e7ebc274870f29c2b421dc22c93e229c197.jpg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ရန်ကုန်မြို့ရဲ့ ကိုဗစ်တတိယလှိုင်း ကူးစက်မှုကတော့ လတ်တလောမှာ ဆိုးဆိုးရွားရွား ဖြစ်ပွားလာတာ တွေ့ရပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူအရေအတွက်ကလည်း တစ်နေ့တခြား များလာခဲ့ပါတယ်။ ဒါ့အပြင် ယခုရက်ပိုင်းလောက်မှာ မြို့နယ်တွေမှာတော့ နေမကောင်းဖြစ်နေတဲ့သူတွေလည်း အများအပြားရှိလာခဲ့သလို တချို့မှာဆိုရင်လည်း အောက်ဆီဂျင်များ အရေးပေါ်လိုအပ်နေတာဖြစ်ပြီး အလွယ်တကူမရတဲ့ ပြဿနာတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

လက်ရှိအခြေအနေက ရန်ကုန်မြို့မှာ အရင်လို အချိန်မရွေး သွားရောက်ကုသလို့ရတဲ့ ကိုဗစ်စင်တာကြီးတွေမရှိတဲ့အပြင် ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်ပေးမှုတွေကို လုံလုံလောက်လောက် မပေးနိုင်တဲ့ အခြေအနေတွေကြောင့် မိမိတို့နေအိမ်တွေမှာပဲ တတ်နိုင်သလောက် ကုသနေကြရင်း တချို့မှာ သေဆုံးသွားကြတာကို လူမှုကွန်ယက်တွေမှာ စိတ်မကောင်းစွာ ကြားသိနေရပါတယ်။ ယခုမှာလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ထန်းတပင်အပိုင်၊ ရိုးလေးကျေးရွာက စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခုကို ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ဒါကတော့ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးဟာ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး အောက်ဆီဂျင်ထိုးကျခဲ့တာကြောင့် ဇူလိုင်လ (၂၅)ရက်နေ့က လူမှုကွန်ယက်မှာ အောက်ဆီဂျင်ရဖို့အတွက် အကူအညီတောင်းခံခဲ့ပါတယ်။ နောက်တစ်နေ့ ဇူလိုင်လ(၂၆)ရက်နေ့မှာတော့ စိတ်မကောင်းစွာနဲ့ဘဲ အောက်ဆီဂျင်ထိုးကျပြီး မိခင်ရော ကလေးပါ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ ကိုယ်ဝန်ဆောင်မိခင်ဟာ ကိုယ်ဝန်(၇)လရှိပြီလို့လည်း သိရပါတယ်။ ဒီအကြောင်းလေးကို ကြားသိရတဲ့ ပြည်သူတွေကလည်း များစွာစိတ်မကောင်းဖြစ်ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T