နောက်ဆုံးချိန်ထိ စကားပြောခွင့်လေးတောင်မရလိုက်ဘဲ ဆုံးပါးသွားတဲ့ ဖခင်ဖြစ်သူကြောင့် ဖြေမဆည်နိုင်အောင် နာကျင်ခံစားနေရတဲ့ ထားထက်ထက်

//s9.kh1.co/9b/9b28991bbba39f9b727a7c91bedec76f203a86fb.jpeg
အနုပညာရှင်များ

 ၂၇-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မနေ့ညက သရုပ်ဆောင် ထားထက်ထက်ရဲ့ လူမှုကွန်ယက်တွင် စိတ်မကောင်းစရာသတင်းတစ်ခုကို ဝေမျှပေးလာတာ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ ဖခင်ကွယ်လွန်အနိစ္စရောက်သွားခဲ့တဲ့အကြောင်းကို ဝမ်းနည်းစွာဖြင့် ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ထားထက်ထက်ဟာ သူမချစ်ရတဲ့ မိသားစုနဲ့ ခွဲခွာပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေခဲ့တာ (၄) လကျော်နေပြီ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ နောက်ဆုံး အချိန်မှာတောင် အနားမှာအတူရှိမပေးနိုင်ခဲ့တဲ့အတွက် ဖြေမဆည်အောင် ဝမ်းနည်းနေရကြောင်းကိုလည်း အခုလို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Htar Htet Htet’s Facebook Account 
Photo Crd-Htar Htet Htet’s Facebook Account 
Photo Crd-Htar Htet Htet’s Facebook Account 
Photo Crd-Htar Htet Htet’s Facebook Account 

ထားထက်ထက်ဟာ သူမရဲ့ လုံခြုံရေး အခြေအနေကြောင့် ဖခင်ရဲ့ ကျန်းမာရေးအခြေအနေကို  အခြားလူတစ်ယောက်ကနေ တစ်ဆင့်ခံပြီး ဆက်သွယ်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဗိုက်နာပြီးနေမကောင်းဘူးလို့ ကြားတဲ့အတွက် အခက်အခဲတွေကြားကနေ ဖခင်ထံသို့ ဆက်သွယ်မယ်ဆိုပြီး ချိန်းထားသော်လည်း အခုလို ရုတ်တရတ်ဆုံးပါးသွားတာကြောင့် ခံစားနေရတာ ဖြစ်ပါတယ်။ တောထဲမှာရောက်နေတဲ့ သူမအတွက် အမြဲဂုဏ်ယူနေတဲ့ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ရင်ထဲမှာ ဗလောင်ဆူနေအောင် ဖြစ်နေတဲ့အကြောင်းကိုလည်း အခုလို ပြောပြထားပါသေးတယ်။

Photo Crd-Htar Htet Htet’s Facebook Account 
Photo Crd-Htar Htet Htet’s Facebook Account 
Photo Crd-Htar Htet Htet’s Facebook Account 
Photo Crd-Htar Htet Htet’s Facebook Account 

" သမီးက မီးမရှိ အင်တာနက်မရတဲ့နေရာမှာဖြစ်နေလို့ ရတဲ့နေရာမှာသွားသုံးရတာလေ ဒီနေ့မနက်ပိုင်း အင်တာနက်ရတဲ့နေရာမသွားဖြစ်သေးပဲ ညနေပိုင်းမှသွားပြီး အေးဆေး video call ခေါ်မယ် စကားတွေပြောမလို့လုပ်နေတာလေအဲ့ဒါကို နေ့လည်ပိုင်းမှာ ဘာလို့ထွက်သွားရတာလဲ ဖေရယ်။ ဘာလို့ဒီနေ့မှလဲ ဘာလို့ဒီချိန်ကြီးမှာလဲ။ ကံကြမ္မာကသမီးအပေါ် သိပ်ရက်စက်လွန်းတယ်။သမီးပြန်လာပြီး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ပြောထားတယ်လေ ဘာလို့မစောင့်ဘဲ သမီးကိုဒီတိုင်းထားခဲ့ရတာလဲ။ ဖေဖေ့ဘဝအကြောင်းစာအုပ်ထုတ်ချင်တယ်ပြောထားလို့ ဖေ့ကို မှတ်မိသလောက် ဘဝဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ အတွေ့အကြုံတွေကို တစ်နေ့တစ်မျက်နှာစာရေးဖို့ အိမ်စာပေးထားတာ သမီးကို အဲ့ဒီ့စာတွေ မပြသေးဘူးလေ။ ဖေရေးတာလဲ မပြီးသေးဘူးလေ သမီးမဖတ်ရသေးဘူးလေ။ ခရီးတူတူသွားဖို့ခေါ်ရခက်တဲ့ ဖေ့ကို ဗုဒ္ဓဂါယာ မိသားစုလိုက်တူတူသွားဖို့ သမီးစီစဉ်လိုက်မယ်ပြောတော့ အေး သွားတာပေါ့ ဆိုပြီး ကတိပေးထားတယ်လေ။ သွားလို့မရသေးလို့ စောင့်နေရတာလေ ဖေရယ်။မိသားစုဓာတ်ပုံကောင်းကောင်းရိုက်ချင်လို့ ဆိုင်ကိုမသွားချင်ဘူးဆိုလို့ အိမ်မှာပဲသေချာခေါ်ရိုက်မလို့ဟာတောင် မရိုက်ရသေးဘူးလေ ဖေရယ်။ သမီးဒီနေ့ဖေနဲ့ဖုန်းပြောချင်တာ ဖေအိပ်နေတဲ့ပုံကိုကြည့်ဖို့မဟုတ်ဘူးလေ စကားပြောချင်လို့ သတိရလို့ မျက်နှာလေးမြင်ချင်လို့လေ ဖေရယ်။ ဘာလို့သမီးကို ဒီလိုပုံစံနဲ့မြင်စေပြီး ထားခဲ့ရတာလဲ ဖေရယ်။ သမီးအတွက် နောက်ဆုံးအကြိမ်တောင် ဖေ့ကိုတွေ့ခွင့် ကန်တော့ခွင့် လက်လေးကိုင်ခွင့်တောင် မရနိုင်ဘူး။သမီးဘယ်လိုခံစားနိုင်မှာလဲ ဖေရယ်။ ပြန်ထလာပါဦးနော်။ သမီးပြန်လာတာကိုစောင့်မယ်ဆို။ သမီးဘယ်လိုမှမဖြေနိုင် မခံစားနိုင်ပါဘူး ဖေရယ်။ သမီးရဲ့ကမ္ဘာကြီးတစ်ခုလုံးပါ။ သမီးအရမ်း အရမ်းချစ်တာ။ ဖေနေမကောင်းရင်တစ်ခုခုဖြစ်ရင်ဆိုတဲ့ အတွေးနဲ့တင် ရင်ကွဲရတာပါ။ မခံစားနိုင်တာပါ။ အခုလေသမီးဘယ်သူ့ကို မင်းသား နေကောင်းရဲ့လား မင်းသားဘာတွေလုပ်နေလဲ လျှောက်သွားပြီး အလုပ်တွေလျှောက်လုပ်မနေနဲ့နော် ဆိုပြီး ဘယ်သူ့ကိုပြောရမှာလဲ ဖေရယ်။ ဖေပြန်လာပေးတာပဲလိုချင်တယ်။ သမီးမှာစကားလေးတောင် မပြောရသေး မျက်နှာလေးတောင် မမြင်ရသေးဘူးလေ။ ဒီနေ့မှလေ ဒီနေ့မှ တွေ့မယ် ပြောမယ် လုပ်နေတာလေ။ ဒီနေ့မှလေ ဒီနေ့မှ ဖေဖေရဲ့??? သမီးကို မထားခဲ့ပါဲနဲ့နော် 26 July 2021 (Monday)" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထားထက်ထက်ရေးထားတဲ့ စာလေးကိုဖတ်ပြီး သူမနဲ့ ထပ်တူ ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြရတာဖြစ်ပါတယ်။ ထားထက်ထက်ရဲ့ ဖခင်လည်း မြင့်မြတ်တဲ့ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Htar Htet Htet’s Facebook Account 

Photo Crd-Htar Htet Htet’s Facebook Account 
Photo Crd-Htar Htet Htet’s Facebook Account 
Photo Crd-Htar Htet Htet’s Facebook Account 
Photo Crd-Htar Htet Htet’s Facebook Account 
Photo Crd-Htar Htet Htet’s Facebook Account 
Photo Crd-Htar Htet Htet’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T